ကျိုက်ထို ဩဂုတ် ၉
ကျိုက်ထိုမြို့နယ်အတွင်းရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါ ကာကွယ်ဆေးကို ဇူလိုင် ၂၉ ရက်နေ့မှ စတင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းစိုး (မြို့နယ်အုပ်ချုပ်ရေးမှူး)နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ခွန်မောင်အိုး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော အဖွဲ့သည် ကျိုက်ထိုမြို့ ကံ့ကော်ရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း Centre (၁)၊ Centre (၂) နှင့်အတူ မြို့နယ်သာသနာ့ဗိမာန် ၊ ကျိုက်ထိုပြည်သူ့ဆေးရုံတို့၌ နေရာ(၄)ခုခွဲ၍ ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ် ဆေးကို ထိုးနှံပေးခဲ့သည်။
ယင်းသို့ ဇူလိုင် ၂၉ ရက်မှစတင်ကာ ဩဂုတ် ၈ ရက်နေ့ အထိ ကာကွယ်ဆေးထိုးနှံရာတွင် အသက်(၆၅)နှစ်အထက် (၁၂၄၂)ဦး၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်း (၅၇)ဦး ၊ Volunteer/ ပရဟိတ (၁၂၇)ဦး၊ ဘုန်းတော်ကြီး/ သီလရှင်/ဘာသာရေးကျောင်းများမှ (၄၆၂)ဦး၊နိုင်ငံ့ဝန်ထမ်း(၇၁၇)ဦး၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်း(၄၃)ဦး၊ ပုဂ္ဂလိက စက်ရုံ/အလုပ်ရုံဝန်ထမ်း(၁၁၉၅)ဦး၊ ဟိုတယ်/မိုတယ်/တည်းခိုခန်းများမှ (၃၅၆)ဦး၊ အကျဉ်း/အချုပ်သား (၄၄)ဦး၊ ပုဂ္ဂလိက ပို့ဆောင်ရေးလုပ်ငန်းများမှ(၁၅၃၆)ဦး၊ Super Market /ဈေးများမှ (၃၃၃၁)ဦး၊ စုစုပေါင်း(၉၁၁၀)ဦး
ကိုထိုးနှံပေးမှု ပြီးစီးခဲ့သည်။
အဆိုပါ ကာကွယ်ဆေး အမျိုးအစားမှာ (Sinopharm)ဖြစ်ပြီး ဆေးရရှိမှု အလုံးရေမှာ ( ၄၅၅၅)လုံးဖြစ်၍ လူဦးရေစုစုပေါင်း (၉၁၁၀)ဦးကို ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)