မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ကြီးအုံကြီးဝတမံ သဘာဝဘေးအန္တရာယ် ကျရောက်နိုင်မှု အခြေအနေအား သွားရောက်ကြည့်ရှု
Aug 09,2021
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် ယမန်နေ့ နံနက်ပိုင်းက အဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများလိုက်ပါကာ ပွင့်ဖြူ မြို့နယ်၊ ကြီးအုံကြီးဝ ရေလှောင်တမံသို့ ရောက်ရှိရာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထွန်းက ဆည်အတွင်း လက်ရှိရေဝင်ရောက်မှု အခြေအနေ၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နှိုင်မှု အခြေအနေနှင့် ရေကြီးရေလျှံမှုဖြစ်ပွားပါက ဘေးအန္တရာယ် ကျရောက်နိုင်မှု အခြေအနေများအား ရှင်းလင်းတင်အပေါ် ရေဘေး အန္တရာယ်မဖြစ် ပေါ်စေရေးနှင့် ဖြစ်ပေါ်လာပါက ဆောင်ရွက် သင့်သည်များကို လျှင်မြန်စွာ ဆောင်ရွက်နိုင်အောင် ကြိုတင်ပြင်ဆင် ထားရှိရန်မှာကြား ဆောင်ရွက်ခဲ့သည်။