သတင်းများ

ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာသစ်(၂၁)ဦးထပ်မံတွေ့ရှိ
Aug 09,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများနှင့် ဆက်စပ်သည့်သူများ၊ အနံ့မရခြင်း၊ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်ပူခြင်း၊ သံသယလူနာနှင့် ဆက်စပ်ထိတွေ့ခြင်းစသည့်ကျန်းမာရေး အခြေအနေများကြောင့် ဖျာပုံခရိုင်ပြည်သူ့ဆေးရုံကြီးနှင့် သက်ဆိုင်ရာကျေးရွာအုပ်စုများရှိ တိုက်နယ်ဆေးရုံများတွင် Rapid Antigen Diagnostic Test Kit (RDT)ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ (Positive) ရောဂါပိုးတွေ့ရှိသူ(၂၁) ဦးတွေ့ရှိပြီး ၎င်းပိုးတွေ့ရှိများနှင့်ထိစပ်ခဲ့သူများအား သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုများရှိ (သီးခြားနေအိမ်)များတွင် Home Base Facility Quarantine အဖြစ် အသွားအလာကန့်သတ်စောင့်ကြည့်ထားကြောင်းသိရသည်။
သဲကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ရောဂါကူးစက်ခံရသူပြည်သူများအား ဆန်များထောက်ပံ့
Aug 09,2021
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရောဂါကူးစက်ခံပြည်သူများနှင့်၄င်းတို့၏မိသား စုဝင်များအား ဂျပန်နိုင်ငံပြည်သူများမှဆန်များ ထောက်ပံ့လှူဒါန်းခဲ့ရာ လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
နောင်ချိုမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါနှင့်စပ်လျဉ်း၍ အခက်အခဲမရှိစေရန် ဆောင်ရွက်
Aug 09,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါနှင့်စပ် လျဉ်း၍ အခက်အခဲမရှိစေရန် တာဝန်ရှိသူများက စီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံကြရန်နှင့် ရောဂါပြန့်ပွားမှုမရှိစေရေး အသိပညာပေးနှိုးဆော်
Aug 09,2021
    ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံကြရန်နှင့် ရောဂါပြန့်ပွားမှုမရှိစေရေး  အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီအချိန်က စတင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့သွားရောက်ဆောင်ရွက်ခဲ့သည်။
မုဒုံမြို့ ၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အများပြည်သူသိရှိလိုက်နာရမည့်ညွှန်ကြားချက်များအား အသံချဲ့စက်ဖြင့်လှည့်လည်ကြေညာ
Aug 09,2021
ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူသိရှိ လိုက်နာရမည့် ညွှန်ကြားချက်များအား   အသံချဲ့စက်ဖြင့်လှည့်လည်  ကြေညာခြင်းကို  စဉ်ဆက်မပြတ်ဆောင်ရွက် လျက်ရှိရာ  မုဒုံမြို့နယ်   အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ ပြန်ကြားရေးနှင့်     ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့်   မီးသတ်တပ်ဖွဲ့ဝင်တို့ ပူးပေါင်း၍     ယမန်နေ့ ည ၇ နာရီက လှည့်လည်၍ ပြည်သူများထံ အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။
ယင်းမာပင်မြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတတိယနေ့အဖြစ် ဆက်လက်ထိုးနှံပေးခြင်းနှင့် PPE ဝတ်စုံများထောက်ပံ့ပေးအပ်
Aug 09,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက် (၆၅) နှစ် အထက်ရှိသူများ၊ဌာနဆိုင်ရာဝန်ထမ်းများ ၊ ဝန်ထမ်းမိသားစုများ၊ ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး ခြင်းကို ဩဂုတ်လ (၇) ရက်နေ့ နံနက်ပိုင်းက စတင်ထိုးနှံပေးလျက်ရှိရာ (၁၁၅၄)ဦး ကို ကာကွယ်ဆေး ထိုးနှံခဲ့ပြီး ယနေ့ တတိယနေ့အဖြစ် နံနက် ၈ နာရီမှ ညနေ ၃ နာရီအထိ ဆက်လက် ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။
ဘူးသီးတောင်မြို့၌ တိုက်ပွဲရှောင်ပြည်သူများအား ကိုဗစ်-၁၉ကာကွယ်ဆေး(Sinopharm) ထိုးနှံ
Aug 09,2021
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့ လမ်းမဘုန်းတော်ကြီး ကျောင်းဝင်းရှိ တိုက်ပွဲရှောင်ပြည်သူ (၂၉၉)ဦးအား ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဖာပွန်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုလျော့နည်းစေရေးအတွက်အသိပညာပေးနှိုးဆော်
Aug 09,2021
 ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ရောဂါကူးစက်မှု လျော့နည်းစေရေးအတွက် လိုက်လံအသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။