သတင်းများ

ပြင်ဦးလွင်မြို့နယ်အတွင်း   ဖွင့်လှစ်ရောင်းချနေသော ဈေးများနှင့် ဆိုင်များအား ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ  လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်
Aug 09,2021
မန္တလေးတိုင်းဒေသကြီးအတွင်း  ကိုဗစ် -၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးနှင့်  ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက်   ပြင်ဦးလွင်မြို့နယ်အတွင်း   ဖွင့်လှစ်ရောင်းချနေသော  ဈေးများနှင့် ဈေးဆိုင်များ ကျန်းမာရေးညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်မှု ရှိ/ မရှိ  ယနေ့နံနက် ၈ နာရီခွဲက တာဝန်ရှိသူများနှင့် ဈေးကော်မတီဝင်များ ပူးပေါင်းကာ ကွင်းဆင်းစစ်ဆေးကြီးကြပ် ဆောင်ရွက်ခဲ့သည်။
ချောင်းဆုံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)အား ပြည်သူ(၉၁၁၀)ဦးအား  ပထမအကြိမ် အောင်မြင်စွာထိုးနှံပြီးစီး
Aug 09,2021
မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများနှင့် ဦးစားပေးအုပ်စုအလိုက် သတ်မှတ်ထားသည့်  စည်းကမ်းချက်အတိုင်း   ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ပထမအကြိမ်   ထိုးနှံပေးမှုကို    ဇူလိုင်လ    ၂၉ ရက်မှစတင်၍  ထိုးနှံပေးခဲ့ရာ ယမန်နေ့အထိ ပြည်သူ(၉၁၁၀)ဦးအား အောင်မြင်စွာထိုးနှံပြီးစီးကြောင်း သိရသည်။
မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာ(၂၃)ရွာမှ ဒေသခံပြည်သူများ သောက်သုံးရေအဆင်ပြေရန်  ကျေးလက်ရေ ရရှိရေး လုပ်ငန်းများ ဆောင်ရွက်
Aug 09,2021
မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာ(၂၃)ရွာမှ ဒေသခံပြည်သူများ သောက်သုံးရေအဆင်ပြေစေရေး အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် ၄၅၉.၆၀၃ သန်းဖြင့် ကျေးလက်ရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
တိုက်ကြီးမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံခြင်း ဆက်လက်ဆောင်ရွက်
Aug 09,2021
          ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို ဩဂုတ် လ ၁ ရက်နေ့ မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများအား ယနေ့ နံနက် ၁၀ နာရီအချိန်က ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်း ဆက်လက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မန္တလေး ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းမှ ပရဟိတအသင်းများ၊ လူမှုကူညီရေးအသင်းများထံသို့ Oxygen Concentrator အလုံး ၁၅၀ လှူဒါန်း
Aug 09,2021
မန္တလေး ယူနန်ဗုဒ္ဓဘာသာ ဘုရားကျောင်းမှ ပရဟိတအသင်းများ၊ လူမှုကူညီရေး အသင်းများအား တစ်လုံးလျှင် ၉ သိန်း ၆ သောင်းတန်ဖိုးရှိသည့် Oxygen Concentrator အလုံး ၁၅၀ လှူဒါန်းခြင်းကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျောင်းတွင် ပြုလုပ်ခဲ့သည်။
မိုင်းကိုင်မြို့နယ်၊ နားလုံ(အရှေ့)ကျေးရွာ ဆန်စက်လုပ်ငန်းရှင်တစ်ဦးထံ ကိုဗစ်-၁၉ရောဂါ ထပ်မံ စစ်ဆေးတွေ့ရှိ၊ Stay At Home ကာလသတ်မှတ်ကြေညာ
Aug 09,2021
       ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်း ဩဂုတ်လ ၇ ရက်နေ့က စစ်ဆေးတွေ့ရှိခဲ့သော အတည်ပြုလူနာ မိသားစုနှင့် ထိတွေ့ဆက်နွယ်သူ အသက် ၃၅ နှစ်အရွယ်၊ နားလုံ(အရှေ့)ကျေးရွာနေ  ဆန်စက်လုပ်ငန်းရှင်  အမျိုးသမီးတစ်ဦးထံတွင်  ယနေ့မနက်ပိုင်းက  ကျန်းမာရေးဌာနမှ  တာဝန်ရှိသူများ၏ ရောဂါစမ်းသပ်စစ်ဆေးချက်အရ  အတည်ပြုလူနာအဖြစ် ထပ်မံစစ်ဆေးတွေ့ရှိခဲ့သည်။
ကရင်ပြည်နယ်အတွင်းရှိ သဘာဝဘေးသင့်ကျေးရွာများမှ ကျွဲ ၊ နွားများအတွက် အစာအိတ်များ ထောက်ပံ့
Aug 09,2021
ကရင်ပြည်နယ်တွင် မိုးအဆက်မပြတ်ရွားသွန်းပြီး ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားခဲ့သည့် မြို့နယ်များမှ သဘာဝဘေးသင့် ကျေးရွာများရှိ ကျွဲ ၊ နွား (၂၁၇၀)ကောင်အတွက် ၅၀ကီလိုဂရမ်ရှိသော အစားအစာ(၆၆၀)အိတ်အား ပထမအကြိမ် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း  ကရင်ပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးမှ သိရှိရသည်။
ဖြူးမြို့နယ်ရှိ ငမြွေရေလှောင်တမံ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေး ရေဝင်ရောက်မှုအခြေအနေအား ကြည့်ရှုစစ်ဆေး
Aug 09,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိ  ငမြွေရေလှောင်တမံအား မိုးရွာသွန်မှုကြောင့် ရေကြီး ရေလျှံမှု မဖြစ်ပေါ်စေရေး၊ ရေလှောင်တမံအတွင်း ရေဝင်ရောက်မှုနှင့် ရေလှောင်တမံခိုင်နိုင်ရည် ရှိစေရန်ဆောင်ရွက် သွားရမည့် အခြေအနေများကို ယနေ့နံနက်(၉)နာရီ အချိန်က ဖြူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူနှင့်အဖွဲ့ဝင်များ၊ မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက သွားရောက်  ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။