သထုံမြို့နယ်အတွင်းရှိ လူမှုကူညီရေးအဖွဲ့များထံ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်

သထုံ    ဩဂုတ်    ၉

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း  ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်လျှက်ရှိသည့် လူမှုကူညီရေးအသင်းများအား မွန်ပြည်နယ်ဘေးအန္တရယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ ပေးအပ်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုပစ္စည်းများကို ဩဂုတ်လ ၈ ရက်၊ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးဇင်မောင်မောင်က အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြာပြီး မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများတို့က လူမှုကူညီရေးအဖွဲ့(၇)ဖွဲ့ထံ လူနာများ သယ်ယူပို့ဆောင်ခြင်း၊ သံသယလူနာများ သေဆုံးခြင်း စသည့်ကိစ္စရပ်များ ဆောင်ရွက်သည့်အခါအသုံးပြုနိုင်ရန် PPE ဝတ်စုံ (၂၁၀) စုံ၊ Hand Gel (၇၀) ဗူးနှင့် Face Shield (၃၅၀) ခုတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်