အောင်လံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)  ၆၁၀၀ ဦး ထိုးနှံပြီးစီး

အောင်လံ ဩဂုတ် ၉

မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) အား အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ (မြို့ပေါ်နေပြည်သူ)နှင့် သမ္ဘူလတိုက်နယ်စုရပ် ၊ ရွှေပန်းတောတိုက်နယ်အုပ်စု၊ ကျောက်ပန်းတောင်းအုပ်စု၊ ပြလို့တိုက်နယ်အုပ်စု၊ ညောင်ပင်ဆိပ်တိုက်နယ်အုပ်စု၊ စခန်းကြီးစုရပ်နှင့် ရေနံကြီးတိုက်နယ်စုရပ် စုစုပေါင်း(၈) နေရာခွဲ၍ ထိုးနှံပေးခဲ့ရာ ဩဂုတ်လ(၁) ရက်နေ့မှ (၈)ရက်နေ့အထိ အောင်လံမြို့နယ်အနေဖြင့် ဆေးပုလင်း အရေအတွက် (၃၀၅၀) လုံးရရှိပြီး ဆေးတစ်လုံးလျှင် လူနှစ်ဦးနှုန်းဖြင့် ဩဂုတ် (၈) ရက်နေ့တွင် လူဦးရေ (၆၁၀၀) ဦးအား ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)