ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြု ပစ္စည်းများနှင့် အလှူငွေများလှူဒါန်း

မြစ်သား  သြဂုတ် ၉

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအသုံးပြုရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြု ပစ္စည်းများနှင့် အလှူငွေများကို ယနေ့နံနက်(၉)နာရီက မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လာရောက်လှူဒါန်းခဲ့ကြောင်းသိရှိရသည်။

          ထိုသို့လှူဒါန်းရာတွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ပြည်သူ လူထုအတွက်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် အသိပညာပေးလုပ်ငန်းများတွင်  ကျန်းမာ ရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ၊ လူမှုရေးအသင်း အဖွဲ့များ နှင့်  ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ထိုသို့ဆောင်ရွက်ပေးရာတွင်  အထောက်အကူ ဖြစ်စေရန် အတွက် PPE ဝတ်စုံ(၄)စုံ၊ Test Kit (၁၀)ခု ၊ နှာခေါင်းစည်း Mask  (၅၀၀)ခု၊ ပိုးသတ်ဆေးမှုန့် (၁)ကီလိုဂရမ်နှင့် အလှူငွေကျပ်(၁)သိန်းတို့ကို မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း တာဝန် ရှိသူများက ပေအပ်လှူဒါန်းရာ မြစ်သားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်မင်းထွန်းက လက်ခံရယူခဲ့ကြောင်း သိရသည်။

မြမြမွန်(မြစ်သား)