ကောလင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့ပွားမှု များပြားနေသဖြင့် မြို့အတွင်းရှိ စျေးအားလုံး ယာယီပိတ်သိမ်းမည်

ကောလင်း သြဂုတ် ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့ပွားမှု များပြားနေသဖြင့်  သြဂုတ် ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကောလင်းမြို့အတွင်းရှိ စျေးအားလုံး ယာယီပိတ်သိမ်းမည်ဖြစ်ကြောင်း သိရသည်။

ကောလင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့ပွားမှု များပြားနေသဖြင့် ပြည်သူလူထုများ ကိုဗစ်-၁၉ရောဂါကူးစက်ပျံ့ပွားမှုမရှိစေရေးနှင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေးအတွက် ကောလင်းမြို့အတွင်း ဆိုင်ကယ်၊ သုံးဘီးဖြင့်လှည့်ရောင်းသော Mobile စျေးသည်များ မပါဝင်ဘဲ၊ ကောလင်းမြို့အတွင်းရှိ မြို့မစျေး၊ သီရိရတနာစျေး၊ အရှေ့စျေးနှင့် ထိုင်ရောင်းစျေးသည်များအားလုံး သြဂုတ် ၁၁ရက်နေ့မှ ၁၇ရက်နေ့အထိ ရက်သတ္တတစ်ပတ်ယာယီပိတ်သိမ်းမည်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီမှ သိရသည်။

ကောလင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ ၁၂၀ဦး၊  ရောဂါ ပျောက်ကင်းသူ (၈၃)ဦးနှင့် ကုသဆဲ ၃၆ဦး၊ သေဆုံးသူ ၆၂ဦးရှိပြီဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရသည်။

မြင့်ထွန်းမင်း(ကောလင်း)