ဂန့်ဂေါတွင် ပညာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinovac) ဒုတိယအကြိမ် ထိုးနှံပေး

ဂန့်ဂေါ ဩဂုတ် ၉

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ပညာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinovac)ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ဩဂုတ် ၈ ရက်နေ့ နံနက် ၉ နာရီမှစတင်ကာ ကုတင်(၁၀၀)ဆံ့ ခရိုင်ပြည်သူ့ဆေးရုံကြီး၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ၏ကြီးကြပ်မှုဖြင့် ထိုးနှံပေးခြင်းဖြစ်သည်။ ကာကွယ်ဆေး လာရောက်ထိုးနှံသူများကို ကာကွယ်ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကာကွယ်ဆေးထိုးမှတ်တမ်းများရေးသွင်းပြီးနောက် ဦးစားပေးအနေဖြင့် ပညာရေး ဝန်ထမ်းများအား ကာကွယ်ဆေးများစတင်ထိုးနှံပေးခြင်းဖြစ်ကာ ကာကွယ်ဆေး ထိုးရန်ကျန်ရှိနေသေး သည့် ရဟန်းသံဃာတော်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတ စေတနာ့ဝန်ထမ်းများနှင့် ပြည်သူများ အား ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 အဆိုပါကာကွယ်ဆေးကို ပထမအကြိမ်တွင် လာရောက်ထိုးနှံသူ ပညာရေးဝန်ထမ်းများ၊ ဌာန ဆိုင်ရာဝန်ထမ်းများနှင့် ပရဟိတ စေတနာ့ဝန်ထမ်းများကို ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေး လာရောက်ထိုးနှံပေးခဲ့ရာ  ဩဂုတ် ၈ ရက်နေ့တွင်(၁၅၄)ဦးနှင့် ဩဂုတ် ၉ ရက်နေ့တွင် (၁၀)ဦးတို့ လာရောက်ထိုးနှံကြပြီးဖြစ်ကြောင်း သိရှိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)