ကျောက်ဆည်မြို့နယ် ကြောင်ပန်းကုန်းကျေးရွာတွင် ဆဌမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာ စီမံကိန်းချေးငွေ(၄၃၄)သိန်းထုတ်ချေးပေး

ကျောက်ဆည် ဩဂုတ်

            မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကြောင်ပန်းကုန်းကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြို့ပြနှင့်ကျေးလက် ကွာဟမှုမရှိစေရန်ရည်ရွယ်၍ ဆဌမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း ချေးငွေ(၄၃၄)သိန်း ကို ယနေ့နံနက် (၁၀) နာရီက ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။

            စီမံကိန်းချေးငွေများထုတ်ချေးပေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူးဒေါ်သင်းသင်အေး၊ ဦးစီးအရာရှိ(နည်းပညာ)ဒေါ်ဌေးရီနှင့်ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ် ရေးနည်းလမ်းများနှင့်အညီ ကြောင်ပန်းကုန်းကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသူ (၁၀၅)ဦးအတွက် ငွေကျပ်(၂၉၁)သိန်း၊ မွေးမြူရေးလုပ်ကိုင်နေသူ(၄၃)ဦးအတွက် ငွေကျပ်(၉၁)သိန်းငါးသောင်း၊ အရောင်းအဝယ် လုပ်ငန်း လုပ်ကိုင်နေသူ(၁၇)ဦးအတွက် ငွေကျပ်(၄၃)သိန်းငါသောင်း  အသက်မွေးဝမ်းကျောင်းလုပ်ကိုင်နေသူ ()ဦးအတွက် ငွေကျပ်()သိန်းစုစုပေါင်းငွေကျပ်(၄၃၄)သိန်း ကို ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။

            ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မြစိမ်းရောင်ကျေးရွာစီမံ ကိန်းချေးငွေများကို ကြောင်ပန်းကုန်းကျေးရွာရှိ အိမ်ထောင်စု(၁၆၈)စုအား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း များဆောင်ရွက်နိုင်စေရန် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှစတင်ထုတ်ချေးပေးခဲ့ပြီး ယခုထုတ်ချေးပေးခြင်းသည် ဆဌမအကြိမ်မြောက် ထုတ်ချေးပေးခြင်းဖြစ်ကြောင်းသိရသည်။

တင်တင်ထွေး