သတင်းများ

မိုင်းငေါ့မြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် Quarantine Centre ဖွင့်လှစ်ထားရှိ
Aug 11,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်၊ ကုသ‌ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉‌ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ယမန်နေ့က စတင်၍  Quarantine Centre ကိုဖွင့်လှစ်ထားရှိ ပါသည်။
ကော့သောင်းမြို့၊ ကမ်းနီးအဖြူရောင်ပရဟိတအဖွဲ့မှ CVID-19 ရောဂါကာကွယ် ထိန်းချုပ် ရေးကာလအတွင်း အခြေခံလူတန်းစားများသို့ ကြက်ဥနှင့် အားဆေးများ လိုက်လံထောက်ပံ့
Aug 11,2021
ကော့သောင်းမြို့၊ ကမ်းနီးအဖြူရောင်ပရဟိတအဖွဲ့မှ CVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း စားသောက်ရေးကိစ္စအခက်အခဲများ တစ်စိတ်တစ်ဒေသအဆင် ပြေစေရန်ရည် ရွယ်ကာ မြို့ပေါ်ရပ်ကွက်တစ်ချို့ရှိ ဆိုင်ကယ်ကယ်ရီသမားများ၊ ခေါင်းရွက်ဗျတ်ထိုး ဈေးသည် များအား ယနေ့ နံနက်ပိုင်းက ကြက်ဥနှင့် Oraming G အားဆေးများကို မြို့ပေါ်ရပ်ကွက် လမ်းများပေါ်ရွှေ့လျားစနစ်ဖြင့်လိုက်လံ ထောက်ပံ့လှူဒါန်းလျက် ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရန် အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ်ကူညီဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။
စဉ့်ကိုင်မြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်များအား ကိုဗစ် -၁၉ ရောဂါ ကာကွယ် ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Aug 11,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံရန်ကျန်ရှိသည့် ဆရာတော်၊ သံဃာတော်များအား ယနေ့ နံနက် (၉) နာရီ က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မိုင်းယုမြို့တွင် မိုးအစေ့ထုတ်ပြောင်းများ ရောင်းချရာတွင် ဈေးကောင်းရ
Aug 11,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် နယ်စပ်ဒေသ မိုင်းယုမြို့တွင် တောင်သူတို့၏ မိုးအစေ့ထုတ်ပြောင်းများ ခူးဆွတ်ရိတ်သိမ်းပြီး၍ ဒေသတွင်း ပြန်လည် ရောင်းချ ရာမှ ဈေးကောင်းရကာ အကျိုးအမြတ်များစွာရလျက်ရှိသည်။
သိန္နီမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါထိန်းချုပ်နိုင်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိ နှိုင်းအစည်းအဝေးကျင်းပ
Aug 11,2021
ရှမ်ပြည်နယ်(မြောက်ပိုင်း)၊ လာရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေး ပေါ် တုံ့ပြန်ရေးဆိုင်ရာလုပ်ငန်းများ ထိရောက်အောင် မြင်စွာဆောင်ရွက်သွားနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လည်(၂:၀၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပရေးဦး စီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မိုင်းခတ်မြို့နယ်၌ ဝါဆိုသံဃာ​တော်များအား ဆွမ်းဆန်များ ဆက်ကပ်လှူဒါန်း
Aug 11,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ဘုန်းတော်ကြီးကျောင်းများရှိ ဝါဆိုသံဃာတော်များသို့ ဆွမ်းဆန်များ ဆက်ကပ် လှူဒါန်းခြင်းကို ယနေ့ ည​နေ၃ နာရီ အချိန် က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိဌာနဆိုင်ရာများက မိုင်းနှုန်းနှီး ဘုးရား‌ ကျောင်းတိုက်နှင့် မိုင်းခတ်မြို့နယ် ကမ္မဌာန်း​ကျောင်းတိုက်ဆရာ​တော်ထံသို့ ဆက် ကပ်လှူဒါန်းခဲ့သည်။
ပြည်မြို့စက်ရုံအလုပ်ရုံလုပ်သားများနှင့်စည်ပင်သာယာဈေးများမှဈေးရောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ
Aug 11,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ မူယာပင်ခန်းမနှင့် အ.ထ.က(၁)ကျောင်းတို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinovac) ထိုးနှံပေးလျက်ရှိ‌ကြောင်းသိရသည်။
ကျိုက်မရောမြို့နယ်တွင် အသက် ၆လမှ ၂နှစ်ထိ ဗီတာမင်အေနှင့် သံချဆေး တိုက်ကျွေး
Aug 11,2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင်အသက်၆လမှ ၂နှစ်အထိ ကလေးများအား ဗီတာမင် အေနှင့် သံချဆေးတိုက်ကျွေးခြင်းကို ယနေ့ နံနက် ၉ နာရီမှစ၍ ကျိုက်မရောမြို့ ရသေ့ ကျောင်းဝင်း၌ စတင်တိုက်ကျွေးလျက်ရှိကြောင်း သိရသည်။