ကျောက်ပန်းတောင်း ဩဂုတ် ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို ၂၀၂၁ခုနှစ်၊ ဩဂုတ်လ(၆)ရက်နေ့မှ ဆေးထိုးစုရပ်(၂)ခု ခွဲ၍ စတင်ဆောင်ရွက်ပေးခဲ့ရာ၊ ဩဂုတ်လ(၁၀) ရက်နေ့အထိ (၅)ရက်အတွင်း ကာကွယ်ဆေး ထိုးနှံပြီးသူ(၆၁၁၂)ဦးရှိကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်ရန်၊ (Sinopharm) ဆေးအလုံးရေ (၃၉၈၀)လုံး ရရှိခဲ့ရာ ကျန်းမာရေးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာလိုက်နာရမည့် စည်းမျဉ်း စည်းကမ်းများနှင့် အညီဖြစ်စေရန်၊ ဆေးထိုးစုရပ်(၂)ခုခွဲ၍ ဦးစားပေးအုပ်စုများအလိုက်ဆောင်ရွက် ပေးခဲ့ရာ၊ ဩဂုတ် (၁၀) ရက်နေ့တွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအပြင်၊ သံဃာတော်များနှင့်သာသနာ့ဝန်ထမ်းများ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ Volunteer များ၊ နိုင်ငံ့ဝန်ထမ်းများနှင့်မိသားစုဝင်များ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ ဟိုတယ်/မိုတယ်နှင့် တည်းခိုခန်းဝန်ထမ်းများ၊ အချုပ်သားများ၊ ဈေးသည်များ အစရှိသည်များကို ကာကွယ် ဆေးထိုးနှံ ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ (၅)ရက်အတွင်း ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း(၆၁၁၂)ဦးဖြစ်၍ အသုံးပြုသည့် ဆေးအလုံးရေ (၃၀၅၆)လုံးဖြစ်ရာ၊ လက်ကျန်းဆေးအလုံးရေ(၉၂၄)လုံးကျန်သဖြင့် ဦးစားပေး အစီအစဉ်အတိုင်း ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
နေအောင်(ပြန်/ဆက်)