ကိုဗစ်-၁၉ကာလအတွင်း ပုံမှန်ဝင်ငွေမရှိကြသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား ဆန်နှင့်ဆီများ ထောက်ပံ့လှူဒါန်း

အောင်မြေသာစံ ဩဂုတ် ၁၁

ကိုဗစ်-၁၉ကာလအတွင်း ပုံမှန်ဝင်ငွေမရှိကြသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအားဆန်နှင့်ဆီများ ထောက်ပံ့လှူဒါန်းခြင်းကို ယနေ့နံနက်၉နာရီက မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဒေါနဘွားရပ်ကွက်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိကြသည့် အခြေခံလူတန်းစား အိမ်ထောင်စု(၁၅၀)စုတို့အား အိမ်ထောင်စုတစ်စုလျှင် ဆန်(၃)ပြည်နှင့်ဆီ(၅၀)ကျပ်သားစီတို့ကို နန်းတော်ရှေ့နယ်လုံးဆိုင်ရာ လူမှုကယ်ဆယ်ရေးအသင်းဥက္ကဋ္ဌ ဦးသိန်းထွန်းအောင်နှင့် အဖွဲ့ဝင်များကအိမ်တိုင်ရာရောက် သွားရောက်ပြီး ထောက်ပံ့လှူဒါန်းပေးခဲ့ကြသည်။

အဆိုပါထောက်ပံ့လှူဒါန်းသည့် ဆန်နှင့်ဆီများကို ကြံ့နှစ်ကောင်ဘိလပ်မြေစက်ရုံမှ ထောက်ပံ့လှူဒါန်းပေးခြင်းဖြစ်ပြီး နန်းတော်ရှေ့နယ်လုံးဆိုင်ရာ လူမှုကယ်ဆယ်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လူစုလူဝေးမဖြစ်စေရန်အတွက် အိမ်တိုင်ရာရောက် သွားရောက်၍ ကူညီလှူဒါန်းပေးခြင်း ဖြစ်ကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)