ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ သာသနာ့ဗိမာန် တော်ကြီးတွင် ယမန်နေ့ မွန်းတည့် ၁၂နာရီ မှစတင်၍ ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူနေ မိသားစုဝင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။
အဆိုပါကာကွယ်ဆေးထိုးနှံရန် လာရောက်သူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦး၏ လမ်းညွှန်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီအဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့်ပရဟိတအသင်းအဖွဲ့များပူးပေါင်း၍ အဝင်ဝတွင် လက်သန့်ဆေးရည်များဖျန်း ပေးခြင်း၊ ကာကွယ်ဆေးထိုးနှံမည့် အမှတ်စဉ်နှင့် ဖောင်ပုံစံများပေးဝေခြင်း၊ သတ်မှတ် နေရာများတွင် ထိုင်စေခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ စာရင်းမှတ်တမ်းပေးသွင်းစေခြင်းတို့ကို ကျန်းမာ ရေးလမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်ပေးပြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြသည်။
ကာကွယ်ဆေးထိုးပြီးသူများကို ကျန်းမာရေးဝန်ထမ်းများက မိနစ် ၃၀နား နေစေခြင်း၊ ဆေးထိုးပြီးသည့်နေရာ အားမည်သည့်အမွှေးနံ့သာရည် မှန်သမျှလိမ်းကျံခြင်းမပြုရန်၊ ပုံမှန်အတိုင်း နေထိုင်စားသောက်ရန်၊ အပြင်သို့ ထွက်ခွာရန်ရှိပါက နှာခေါင်းစည်း ဝတ်ဆင်ပြီးမှ ထွက်ခွာရန်၊ သွေးတိုး၊ ဆီးချိုရှိသူများပိုမို၍ ဆေးထိုးနှံသင့်ကြောင်း၊ ဆေးထိုးပြီး(၃)ရက်အတွင်း အရက်၊ ဘီယာ ရှောင်ကျဉ်ကြရန်စသည် အသိများမျှ ဝေ ပေးခဲ့ကြသည်။
ရွှေပြည်သာမြို့နယ်တွင် သြဂုတ်လ (၁၄)ရက်နေ့ အထိကာကွယ် ဆေးထိုးနှံပြီးသူအသက် ၆၅ နှစ်နှင့်အထက် ဘိုး
ဘွား(၃၁၆၈)ဦး၊ ကျန်းမာရေးဝန်ထမ်း(၆၂)ဦး၊ Volunteer (၆၂၉)ဦး၊ သံဃာတော်၊ သီလရှင်(၇၀၂)ပါး၊ ဘိုးဘွားရိပ်သာ(၇)ဦး၊ အချုပ်သား(၂၁)ဦး စုစုပေါင်း( ၄၅၈၉ ) ဦးရှိပြီး ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ နေမိသားစုဝင်များအား သာသနာ့ဗိမာန်တော်ကြီးတွင် (၃)ရက်တာထိုးနှံသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ထံမှ သိသည်။
အေးမိုး