စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ လူမူရေးရာဝန်ကြီး ဦးအေးလိူင်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများလိုက်ပါလျက် ဩဂုတ်(၁၄)ရက်၊ နံနက်ပိုင်းတွင် ယင်းမာပင်မြို့၊ အခြေခံပညာအထက်တန်း ကျောင်းသို့ ရောက်ရှိရာ အသက် (၆၅)နှစ်အထက် အဘိုးအဘွားများ၊ ပြည်သူများနှင့် လူမူရေးအသင်း အဖွဲ့ဝင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးနေမှုအား ကြည့်ရှု့စစ်ဆေးပြီး ကာကွယ် ဆေးထိုးနှံနေကြသည့် ပြည်သူများအား ရင်းရင်းနှီးနှီးနုတ်ဆက် အားပေးစကားပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော ခရိုင်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံပွဲ နှင့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ရာ စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် က အမှာစကားပြောကြားရာတွင် “ ယင်းမာပင်ခရိုင် အတွင်းရှိမြို့နယ် များအတွင်း မိုးရွာသွန်းရက်မှာ ယခုနှစ်တွင်ယခင်နှစ်ထက် မိုးရေချိန်ပိုမိုရရှိပါကြောင်း၊ စိုက်ပျိုးရန် လျာထား သည့် သီးနှံအလိုက်စိုက်ဧကများကို အချိန်မီ ပြည့်ဝစွာ စိုက်ပျိုးရန်လိုအပ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးရာတွင် ဦးစားပေးအုပ်စုနှင့် ဦးစားပေးအလိုက်ထိုးနှံမှုများတွင် ကျန်ရှိမှုမရှိစေရေး တာဝန်ရှိသူများက အထူးအလေးထား စီမံဆောင်ရွက်ကြရန်နှင့် မြို့နယ်များအတွင်း တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေး လုပ်ငန်းများဆောင်ရွက်မှုများတွင် တပ်မတော်၊ မြန်မာနိင်ငံရဲတပ်ဖွဲ့တို့နှင့် အတူ ဌာနဆိုင်ရာဝန်ထမ်းများ ပြည်သူများကပါပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ မိမိတို့မြို့နယ် အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းအခွန်အခများ အပြည့်အဝရရှိရေး လုပ်ငန်းများကိုလည်း အလေးထားဆောင်ရွက် ကြရန်နှင့် စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများနှင့် မြို့ရွာသန့်ရှင်းသာယာ လှပရေးလုပ်ငန်းများကိုလည်း တာဝန်ရှိသူများနှင့်ပြည်သူများက ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ” ပြောကြားခဲ့သည်။
ထို့နောက် ခရိုင်အဆင့်ဌာနဆိုင်ရာများမှ မိမိတို့ဌာနများအလိုက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများနှင့် နယ်မြေလုံခြုံရေး ဆောင်ရွက် နေမှုများ၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု၊ ကာကွယ်ဆေးထိုးနှံပေးနေမှု လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများမှ ရှင်းလင်းတင်ပြကြသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဖြည့်စွက် အကြံပြု ဆွေးနွေးကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ဒေသဖွံ့ရေးလုပ်ငန်းများနှင့် ပက်သက်၍ ရျင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးပြီး နီဂုံးချုပ်စကားပြောကြာကာ တာဝန်ရှိသူများနှင့်အတူ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၊ လူမှုရေးအသင်းအဖွဲ့များနှင့် လုံခြုံရေး အဖွဲ့များ သို့ အောက်ဆီဂျင်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများနှင့် လှူဒါန်းငွေများအား တာဝန်ရှိသူများထံ ပေးအပ် ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် ပုလဲမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် အသက်(၆၅)နှစ်အထက် အဘိုးအဘွားများ၊ ပြည်သူများနှင့် လူမူရေးအသင်းအဖွဲ့ဝင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးနေမှုအား ကြည့်ရှုစစ်ဆေးပြီး ကာကွယ်ဆေးထိုးနှံနေကြသည့် ပြည်သူများအား ရင်းရင်း နှီးနှီးနှုတ်ဆက် အားပေးစကား ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ပုလဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးရှိ ပုလဲရတနာခန်းမနှင့် ဆားလင်းကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး ငွေသာခန်းမတို့တွင် ကျင်းပသော မြို့နယ်အဆင့်ဌာနဆိုင်ရာများတွေ့ဆုံပွဲနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားများသို့ တက်ရောက်ရာ စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် က အမှာစကားပြောကြားပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာ များမှ မိမိတို့ဌာနများအလိုက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နေမှု၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများနှင့် နယ်မြေလုံခြုံရေး ဆောင်ရွက်နေမှုများ၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု၊ ကာကွယ်ဆေးထိုးနှံပေးနေမှု လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများမှ ရှင်းလင်းတင်ပြကြသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဖြည့်စွက်အကြံပြု ဆွေးနွေးကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ဒေသဖွံ့ရေးလုပ်ငန်းများနှင့် ပက်သက်၍ ရျင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြာကာ တာဝန်ရှိသူများနှင့်အတူ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၊ လူမှုရေးအသင်းအဖွဲ့များနှင့် လုံခြုံရေး အဖွဲ့များသို့ အောက်ဆီဂျင်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ၊ စားသောက် ဖွယ်ရာများနှင့် လှူဒါန်းငွေများအား တာဝန်ရှိသူများထံ ပေးအပ်ခဲ့ကြသည်။
ယင်းမာပင်ခရိုင်အတွင်းရှိ ယင်းမာပင်မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီနှင့် လူမှုရေးအသင်းအဖွဲ့များသို့ အောက်ဆီဂျင်(၄၀)လီတာ(၁၀)လုံး၊ အောက်ဆီဂျင် Concentrator (၅)လုံး၊ Mask (၅၀၀၀)ခု၊ PPE ဝတ်စုံ (၄၂၀)စုံ၊ လက်သန့် ဆေးရည်(၂၀)ဘူး၊ Mask-95 (၁)ဖာ၊ Face Shield(၁)ဖာ၊ PPE မျက်မှန်(၁)ဖာ၊ ဦးထုပ်(၃)ဘူး၊ Flow Meter(၁၀)ခု၊ ကော်ဖီမစ်၊ ကြက်ဥနှင့် ခေါက်ဆွဲခြောက်များနှင့် အလှူငွေ(၁၅)သိန်းတို့အား လည်းကောင်း၊ ပုလဲမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်သို့ အောက်ဆီဂျင်(၄၀)လီတာ(၁၀)လုံး၊ အောက်ဆီဂျင် Concentrator (၅)လုံး၊ Mask (၅၀၀၀)ခု၊ PPE ဝတ်စုံ (၂၂၀)စုံ၊ လက်သန့်ဆေးရည်(၂၀)ဘူး၊ Mask-95 (၁)ဖာ၊ Face Shield(၁)ဖာ၊ PPE မျက်မှန်(၁)ဖာ၊ ဦးထုပ်(၂)ဘူး၊ Flow Meter(၁၀)ခု၊ ကော်ဖီမစ်၊ ကြက်ဥနှင့်ခေါက်ဆွဲခြောက်များနှင့် အလှူငွေ(၁၅) သိန်းတို့အား အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။