နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) RCC(၃)ထပ် တည်ဆောက်မှု(၄၅) ရာခိုင်နှုန်း ပြီးစီး

                                                                                               

နတ်မောက် သြဂုတ် ၁၆

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community  Centre)   RCC (၃)ထပ်တည်ဆောက်လျက်ရှိရာ ယခုအခါ (၄၅) ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ၊ တာဝန်ခံ ဒေါ်ဝင်းမေထွန်းထံမှ သိရသည်။

လူထုအခြေပြုဗဟိုဌာန (Community  Centre) RCC (၃)ထပ်ဆောင် (၆၀× ၇၀)ပေ တည်ဆောက်ခြင်းကို  ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုငွေ (၄၁၄.၀၁၀)ကျပ်သန်းဖြင့် တင်ဒါ အောင်မြင်သော Moon & Space ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ကြောင်း သိရသည်။                    

အဆိုပါ လူထုအခြေပြုဗဟိုဌာန(Community Centre) RCC (၃)ထပ်ဆောင်ကို  စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်းပြီးစီးရေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အရည်အသွေးစစ်ကော်မတီ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်   တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖြိုးအိအိဇော် (နတ်မောက်)