ကိုဗစ်-၁၉‌ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

                                                                                    မုံရွာ  ဩဂုတ်  ၁၆

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရာ ယနေ့နံနက် ၉ နာရီအချိန်က‌စတင်၍ ကာကွယ်‌ဆေးထိုး စုရပ်‌ နေရာများတွင် ဆက်လက်ထိုးနှံ‌ ပေးခဲ့‌ကြောင်းသိရသည်။ ကာကွယ်‌ဆေးထိုးနှံ‌ပေးရာတွင် မြို့နယ်အတွင်းရှိ (၆၅)နှစ်အထက် ပြည်သူများ ဦးတည်အုပ်စုများဖြစ်သည့် ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံများမှ၀န်ထမ်းများနှင့်အလုပ်သမားများ၊ ပုဂ္ဂလိကဘဏ် ဝန်ထမ်းများနှင့်ကျန်ရှိနေသည့်နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉‌ရောဂါ ကာကွယ်‌ရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခြင်းဖြစ်ကြောင်း ကို‌ဗစ်−၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှသိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကိုတိုင်းအားကစားကွင်းမိုးလုံလေလုံခန်းမတွင်ကျား (၁၂၅)ဦး၊ မ(၁၂၅)ဦး၊ ပေါင်း(၂၅၀)ဦး၊ တိုင်း‌ဒေသကြီးပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနရုံးခန်းမတွင် ကျား(၁၁၉)ဦး၊ မ(၁၅၉) ဦး၊ ပေါင်း(၂၇၈)ဦး၊ တိုင်းအားကစားကွင်းဖူဆယ်ဘော်လုံးကွင်းတွင် ကျား(၇၈)ဦး၊ မ(၇၀)ဦး၊ ပေါင်း (၁၄၈)ဦး၊ စုစုပေါင်း မုံရွာမြို့နယ်တွင်  ကျား(၃၂၂)ဦး၊ မ(၃၅၄)ဦး၊ ပေါင်း(၆၇၆)ဦးတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။

ကာကွယ်‌ဆေးထိုးနှံ‌ပေးရာသို့ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်စေတနာ့ဝန်ထမ်းများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်းနှင့် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ အပါအဝင် ဦးတည်အုပ်စုများ အလိုက်ကျန်ရှိနေသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး‌ ရောက်ရှိမှု အပေါ်မူတည်၍ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်၍ ထိုးနှံပေးမည်     ဖြစ်ကြောင်း မြို့နယ်ကိုဗစ်−၁၉‌ ရောဂါထိန်းချုပ်ရေးနှင့် အရေး‌ပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

ထိန်လင်း-မုံရွာ