ကျုံပျော်မြို့ ပြည်သူ့ရဲတပ်ဖွဲ့စခန်းတွင် အနှေးယာဉ်လုပ်သား (၂၀၀)ဦးကို ဆန်နှင့်ထောက်ပံ့ငွေများ လှူဒါန်း

ကျုံပျော် ဩဂုတ် ၁၆

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း အခြေခံကာယလုပ်သားများ စားဝတ်နေရေး အဆင်ပြေစေရန် အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့  ပြည်သူ့ရဲတပ်ဖွဲ့စခန်းတွင်  အနှေးယာဉ်လုပ်သား (၂၀၀)ဦးကို ဆန်နှင့် ထောက်ပံ့ငွေများ လှူဒါန်းခြင်းကို ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

လှူဒါန်းရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန့်ဇော်ဦးနှင့် တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး၊ အနှေးယာဉ်လုပ်သား တစ်ဦးလျှင် ဆန် ()ပြည်၊ ငွေ (၅၀၀၀) ကျပ်နှင့် နှာခေါင်းစည်း Mask (၁၀)ခုစီတို့အား အသီးသီးသီး ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ယခုကဲ့သို့ လှူဒါန်းနိုင်ရန်အတွက် မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ အလှူရှင်များက စုပေါင်းလှူဒါန်းခဲ့ ကြခြင်းဖြစ်ပြီး၊ စုစုပေါင်း အနှေးယာဉ်လုပ်သား (၂၀၀)ဦးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများနှင့် အညီ လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။