ကျောက်တံခါးမြို့နယ်တွင် ရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါးသီးနှံပျက်စီးဆုံးရှုံးခဲ့မှု အပေါ်တောင်သူများအား ထောက်ပံ့ငွေ ပေးအပ်

ကျောက်တံခါး သြဂုတ် ၁၆

 

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် တွင် ၂၀၁၉ခုနှစ်က ရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါး သီးနှံပျက်စီးမှုများအပေါ် ထောက်ပံ့ငွေပေးရန် ကျန်ရှိသည့် တောင်သူများအား ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့က မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ ကျောက်တံခါးမြို့နယ် (ယာယီ)မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းဦးမှ ၂၀၁၉ ခုနှစ်ကရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် မိုးစပါးသီးနှံများအတွက် ထောက်ပံ့ငွေပေးရန် ကျန်ရှိသည့် ကျေးရွာအုပ်စု(၆)အုပ်စုမှ တောင်သူများကို ထောက်ပံ့ကြေးငွေများခေါ်ယူ ပေးအပ်ရကြောင်း သဘာဝဘေးကြောင့် တောင်သူများ၏ လယ်ယာမြေများနှင့် စိုက်ပျိုးသီးနှံများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာတာဝန်ရှိသူများ ထံတင်ပြကြရန်ပြောကြားခဲ့သည်။ ထို့နောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှမြို့နယ် ဦးစီးအရာရှိဦးမြင့်အောင်က ရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါးသီးနှံ ပျက်စီးမှုအပေါ် ထောက်ပံ့ငွေများ ပေးအပ်ရခြင်ရည်ရွယ်ချက်နှင့်နောက်ကျမှ ပေးအပ်ရသည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ စန်းစန်း