အုတ်ဖိုမြို့နယ် ငါးလုပ်ငန်းစခန်းမှ ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်

အုတ်ဖို သြဂုတ် ၁၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ငါးလုပ်ငန်းစခန်းမှ ငါးသယံဇာတ ပေါကြွယ်ဝစေရေး၊ ဒေသတွင်းရေလုပ်သားများအလုပ်အကိုင်ဖွံဖြိုးစေရေးနှင့်ငါးရိက္ခာဖူလုံစေရေးအတွက် ရည်ရွယ်၍ ယမန်နေ့က ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဧရာဝတီမြစ်သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းကို ဆောင်ရွက်ခဲ့ရာ ငါးမျိုးစိုက်ထည့်ပွဲသို့ အုတ်ဖိုမြို့နယ် ငါးလုပ်ငန်းစခန်းတာဝန်ခံ ဒေါ်မိုးသီတာ၊ ပန်းတောင်းမြို့နယ်မှ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

ငါးမျိုးစိုက်ထည့်ရာတွင် ငါးမြစ်ချင်းကောင်ရေ (၁)သိန်း၊ ငါးခုံးမကြီးကောင်ရေ (၁)သိန်းနှင့် ရွှေဝါငါးကြင်းကောင်ရေ (၁)သိန်း စုစုပေါင်း ငါးသားပေါက်ကောင်ရေ(၃)သိန်း စိုက်ထည့်ခဲ့ကြောင်း အုတ်ဖိုမြို့နယ် ငါးလုပ်ငန်းစခန်း တာဝန်ခံ ဒေါ်မိုးသီတာ ထံမှ သိရသည်။ အောင်သူ(အုတ်ဖို)