လယ်ဝေးမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (တတိယနေ့) ဆက်လက်ထိုးနှံ
Sep 04,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်များ၊ သက်ကြီးရွယ်အို ဘိုးဘွားများနှင့် ဦးစားပေးအုပ်စုတွင် ပါဝင်သော ပြည်သူများအား တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ထုတ်လုပ်သော ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) အမျိုးအစားကို ဒုတိယအကြိမ် တတိယနေ့ (စက်တင်ဘာ-၃)ရက်တွင် လယ်ဝေးမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်း၌ ဆက်လက် ထိုးနှံပေးသည်။