မောင်တော စက်တင်ဘာ ၄
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့မသားငါး ဈေးရှိ ဈေးရောင်းချသူများအား ယမန်နေ့ နံနက်ပိုင်းက သတ်မှတ် နေရာများတွင် ကိုဗစ်-၁၉ ပိုး ရှိ/မရှိ Rapid Diagn ostic Test (RDT) ဖြင့် စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင် ဦးဆောင် လမ်းညွန်မှုဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက မြို့မသား ငါးဈေးရှိ ဈေးရောင်းချသူများနှင့် ရွှေဇားကျေးရွာရှိ စာသင်ကျောင်းစု ရပ်တွင်လည်း မိမိသဘော ဆန္ဒအရ လာရောက်စစ်ဆေးသူ စုစုပေါင်း(၈၇)ဦးအား ကိုဗစ်-၁၉ ပိုး ရှိ/မရှိ Rapid Diagn ostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ ၎င်းတို့မှာ ကိုဗစ်-၁၉ရောဂါပိုး မတွေ့ရှိခဲ့ကြောင်း မြို့နယ်ပြည်သူကျန်းမာရေး ဦးစီးဌာမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ပိုးစစ်ပေး နေရာများတွင် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကရုဏာ ကွန်ယက်အဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများက လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေး ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)