ပြင်ဦးလွင် စက်တင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များရှိ ဈေးများအတွင်း ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချနေသော ဈေးသည် များအား ယမန်နေ့ မွန်းလွဲ ၁ နာရီက ရပ်ကွက်ကြီး(၅)ရှိ စည်ပင်သာယာမြို့မဈေးကြီး၌ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။
ပြင်ဦးလွင်မြို့ရှိ ဈေးများအတွင်း ဖွင့်လှစ်ရောင်းချနေသော ဈေးသည်များအား မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ ဈေးအကျိုးတော်ဆောင်များ၊ ဈေးကော်မတီဝင်များနှင့် လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်းကာ ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ကိုဗစ်-၁၉ရောဂါ ပိုး ရှိ/မရှိ Test Kit ဖြင့် စစ်ဆေးဆောင်ရွက် ပေးလျက်ရှိသည်။
ထို့သိုစစ်ဆေးပေးခဲ့ရာတွင် ကျန်ရှိနေသည့် ဈေးရောင်းချသူများအား စည်ပင်သာယာ မြို့မဈေးကြီး၌ လူဦးရေ(၁၄၅)ဦးကို Test Kit ဖြင့် စစ်ဆေးရာ ကျား(၃)ဦး၊ မ(၅)ဦး၊ စုစုပေါင်း(၈) ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့သဖြင့် အဆိုပါရောဂါပိုးတွေ့ရှိသူများအား ပြင်ဦးလွင်ခရိုင် အားကစားကွင်း အတွင်းရှိ ကျန်းမာရေးစောင့်ရှောက်ရေး စင်တာသို့ တာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကာ ပို့ဆောင်ပေးခဲ့ပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ခရိုင်(ပြန်/ဆက်)