လယ်ဝေး စက်တင်ဘာ ၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်များ၊ သက်ကြီးရွယ်အို ဘိုးဘွားများနှင့် ဦးစားပေးအုပ်စုတွင် ပါဝင်သော ပြည်သူများအား တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ထုတ်လုပ်သော ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) အမျိုးအစားကို ဒုတိယအကြိမ် တတိယနေ့ (စက်တင်ဘာ-၃)ရက်တွင် လယ်ဝေးမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်း၌ ဆက်လက် ထိုးနှံပေးသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများနှင့် ဆေးတပ်ဖွဲ့တို့က ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေး စစ်ဆေးခြင်းနှင့် ပါးစပ်နှာခေါင်းစည်း(Mask)များ စနစ်တကျ တပ်ဆင်စေခြင်း၊ သွေးပေါင် ချိန်တိုင်းတာခြင်းနှင့် မှတ်တမ်း ရေးသွင်းခြင်းများ ပြုလုပ်ပြီး ကျန်းမာရေး ကောင်းမွန်မှသာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ ပရဟိတ အသင်းအဖွဲ့များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ပါဝင်ကူညီ ဆောင်ရွက် ပေးလျက်ရှိသည်။
လယ်ဝေးမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ဒုတိယအကြိမ် ပထမနေ့တွင် ဦးစားပေးအုပ်စုတွင်ပါဝင်သူ (၄၆၅)ဦးနှင့် ဒုတိယအကြိမ် ဒုတိယနေ့တွင် (၆၂၀)ဦးအား ထိုးနှံပေးခဲ့ပြီး စက်တင်ဘာ(၈)ရက်နေ့အထိ နောက်ဆုံးထား ထိုးနှံပေးသွား မည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)