သတင်းများ

ဆားလင်းကြီးမြို့နယ်တွင် စပါးသီနှံနှင့် ဝါသီးနှံမျိုးစေ့ သွင်းအားစုများ ထောက်ပံ့ပေးအပ်ခြင်းနှင့် နည်းပညာပေးသင်တန်းဖွင့်လှစ်
Sep 03,2021
စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ်တွင် စပါးသီနှံနှင့် ဝါသီးနှံ မျိုးစေ့ သွင်းအားစုများ ထောက်ပံ့ပေးအပ်ခြင်းနှင့် နည်းပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ် ခဲ့ကြောင်း သိရှိရသည်။
အောက်ဆီဂျင်စက်ရုံပန္နက်တင်မင်္ဂလာအခမ်းအနားသံတွဲ၌ကျင်းပ
Sep 03,2021
ပရဟိတ သိမ်ကုန်းဆရာတော် ဦးတေဇိန္ဒ ဦးဆောင်ပြီး စေတနာရှင် အလှူရှင်များ စုပေါင်းဆောက်လုပ်မည့် အောက်ဆီဂျင်စက်ရုံ ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၉.၄၅နာရီကစက်ရုံဆောက်လုပ်မည့် သံတွဲမြို့ ဗားတောင်းတောင်ရှိ မြေနေရာတွင် ကျင်းပပြုလုပ်သည်။
ပျဉ်းမနားမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး
Sep 03,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးများကို ဒုတိယအကြိမ် ထိုးနှံပေး လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့၊ အောင်ချမ်းသာဘုန်းတော်ကြီးကျောင်းတွင် ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသည့် သံဃာတော်များအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မိုးမောက်မြို့တွင် ကိုဗစ်−၁၉ ကာကွယ်ဆေးဒုတိယအကြိမ် ဆက်လက်ထိုးနှံ
Sep 03,2021
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများကို ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို မိုးမောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၁ နာရီခန့်တွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဖယ်ခုံမြို့နယ်၌ Covid-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိ
Sep 03,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၌ Covid-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများကို ယနေ့နံနက် ၈ နာရီမှစတင်၍ မြို့နယ်ပြည်သူ့ဆေးရုံတွင် ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
အသက် (၆၅) နှစ်အထက် သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ
Sep 03,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ အသက်(၆၅) နှစ်အထက် သက်ကြီးရွယ်အို အဘိုး/အဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ကာကွယ်ဆေး ဒုတိယအကြိမ်ဆက်လက် ထိုးနှံပေးခြင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးဟောင်း အစည်းအဝေးခန်းမရှိ သတ်မှတ်ထားသောနေရာ၌ ယနေ့နံနက် ၉ နာရီမှ ၁၂ နာရီအထိလည်းကောင်း နေ့လယ် ၁ နာရီမှ ၅ နာရီအချိန်အထိ နှစ်ပိုင်းခွဲကာ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
မြို့နယ် မီးသတ်တပ်ဖွဲ့မှ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက် နိုင်ရေး ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ဇာတ်တိုက်လေ့ကျင့်
Sep 03,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ရှိ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ ငလျင်ဘေး၊ မုန်တိုင်းဘေး၊ ရေကြီးခြင်းဘေး၊ မြေကမ်းပါးပြိုကျခြင်းနှင့်အခြားသောသဘာဝဘေး စသော ဘေးအန္တရာယ်များကြုံတွေ့ လာပါက အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ယနေ့ နံနက် ၈ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံရှေ့ကွင်းပြင်၌ခရိုင်/မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင် များနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ခွဲမှ ကြက်ခြေနီ တပ်ဖွဲ့ဝင်များပူးပေါင်းကာ သဘာဝ ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ကျောင်းကုန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံ
Sep 03,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက် အ.ထ.က(၁) ကျောင်းဝန်း စာကြည့်တိုက်၌ ယနေ့နံနက် ၈ နာရီအချိန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးလျက်ရှိ‌သည်။ ကျောင်းကုန်းမြို့နယ်တွင် အ.ထ.က(၁)၊ အ.ထ.က(၂)၊ အ.ထ.ကဒေါင့်ကြီး၊ ဝက်ချောင်း ဘုန်းကြီးကျောင်းနှင့် အ.ထ.ကချောင်ကြီး စသည့်စုရပ်(၅)နေရာ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ ပေးလျက်ရှိရာ စုစုပေါင်း(၈၀၀၀)ကျော် ထိုးနှံပေးခဲ့ပြီးယခု ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိသည်။