သတင်းများ

ကျောက်ပန်းတောင်းမြို့တွင် တစ်လကျော်ကြာပိတ်ထားခဲ့သည့် မြို့မစည်ပင်သာယာဈေးကြီးနှင့် တမ္ပဝတီဈေးသစ်ကြီးပြန်လည်ဖွင့်လှစ် စားသောက်ကုန်နှင့် ဆေးဝါးပစ္စည်းများသာရောင်းချခွင့်ပြု
Sep 04,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်နိုင်ရေး အတွက် မြို့မစည်ပင်သာ ယာဈေးကြီးနှင့်တမ္ပဝတီဈေးကြီးကို၊ တစ်လကျော်ကြာ ပိတ်သိမ်းထားခဲ့ရာမှ  စက်တင်ဘာ(၄)ရက်နေ့ နံနက်(၆)နာရီမှ စတင်၍ မွန်းလွဲ(၁)နာရီ အထိ ဖွင့်လှစ် ရောင်းချ ခွင့်ပြုလိုက်ကြောင်းသိရပြီး စားသောက်ကုန်နှင့်ဆေးဝါးပစ္စည်းများသာ  ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း၊ အခြားကုန်ပစ္စည်းဆိုင်များ မပါဝင်ကြောင်းသိရသည်။
ဝမ်းတွင်းမြို့နယ်တွင် ဒေသခံပြည်သူ(၂၈၅၇)ဦးအား ဒုတိယအကြမ်မြောက်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharmထိုးနှံပြီးစီး
Sep 04,2021
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင်အသက်(၆၅)နှစ်အထက်ပြည်သူများနှင့် volunteer များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm များ ထိုးနှံပေးခြင်းကို (၂၉-၈-၂၀၂၁) ခုနှစ်နံနက် (၈)နာရီအချိန်မှ စတင်ကာ သက်ဆိုင်ရာစုရပ်နေရာများတွင် ထိုးနှံပေးခဲ့ရာ ယမန်နေ့အထိ ဒေသခံပြည်သူ(၂၈၅၇)ဦးအား ကာကွယ်ဆေးများ ထိုးနှံပြီးစီးခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ်၌ မသန်စွမ်းသူများအား ထောက်ပံ့ငွေများပေးအပ်
Sep 04,2021
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ရပ်ကွက်/ ကျေးရွာအုပ်စုအတွင်းရှိ မသန်စွမ်းသူများအား နိုင်ငံတော်မှ တစ်ဦးလျှင်ငွေကျပ် သုံးသောင်းနှုန်းထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ ညနပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းမ၌ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ထံသို့ ထပ်ဆင့် ပေးအပ်ကြောင်း သိရသည်။
ဆွမ်ပရာဘွမ်မြို့ပေါ် ရပ်ကွက်များတွင် သာယာလှပစေရန် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
Sep 04,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့ပေါ် ရပ်ကွက်များ၌ သာယာလှပစေရန် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းကို ယနေ့ နံနက်ပိုင်း ၇ နာရီခွဲ အချိန်က မြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ပန်းတောင်းမြို့နယ် ထုံးဘိုကျေးရွာအုပ်စု ခတ္တိယရပ်ကွက်တွင် ဧရာဝတီမြစ်ရေမြင့် တတ်လာမှုကြောင့် လူနေအိမ်များရွေ့ပြောင်း
Sep 04,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ထုံးဘိုကျေးရွာအုပ်စု ခတ္တိရပ်ကွက်တွင် ယမန်နေ့ ညနေ့ပိုင်းက ဧရာဝတီမြစ်ရေ မြင့်တတ်လာမှုကြောင့် လူနေအိမ်များ ရွေ့ပြောင်းခဲ့ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်တွင်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကျန်မာရေးဦးစီးဌာန၏လမ်းညွှန်မှုဖြင့် သံသယရှိသူ(၁၀၀)ဦးအား RDT-Test Kit ဖြင့် စစ်ဆေးရာ (၁၅)ဦးတွင် Covid-19 ရောဂါပိုးတွေ့ရှိပြီး (၂၁)ဦး ဆေးရုံဆင်းခွင့်ရရှိ
Sep 04,2021
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကျန်မာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် သံသယရှိသူ(၁၀၀)ဦးအား ယမန်နေ့ နံနက်(၈)နာရီအချိန်က သတ်မှတ်ထားသောနေ ရာ(၂)ခု၌ RDT Test Kit ဖြင့် စစ်ဆေးပေးရာတွင် (၁၅)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး ကုသဆောင်များတွင် ဆေးကုသမှုခံယူနေသူများအနက် ကျန်းမာရေးကောင်းမွန်လာသူ(၂၁)ဦး ဆေးရုံဆင်းခွင့် ရရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
မိုင်းဖြတ်မြို့နယ်၌ ကိုဗစ်-၁၉ကာကွယ်ဆေး (Sinopharm)(ဒုတိယ)အကြိမ် ဆက်လက်ထိုးနှံပေး
Sep 04,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်နှင့် အထက်ပြည်သူများ၊ သံဃာတော်များ၊ ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ဦးစားပေးအစီအစဉ်တွင် ပါဝင်သူများကို ကိုဗစ်-၁၉ကာကွယ်ဆေး (Sinopharm) (ဒုတိယ)အကြိမ် ဒုတိယအသုတ် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်ခန့်မှစ၍ စုရပ်သုံးနေရာတို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးနေကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် ရွေ့လျားယာဉ်ဖြင့် ကျေးရွာများသို့ကွင်းဆင်း၍ ကိုဗစ်-၁၉ရောဂါ စစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်
Sep 04,2021
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပူးပေါင်းအဖွဲ့က ရွေ့လျားယာဉ်ဖြင့်အခမဲ့ ကိုဗစ်-၁၉ရောဂါစစ်ဆေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက တောင်တွင်းကြီးမြို့နယ် အတွင်းရှိကျေးရွာများမှ ဒေသခံကျေးလက်နေပြည်သူများ ကိုဗစ်- ၁၉ ရောဂါ ကင်းဝေးစေရေး RDT (Test Kits)ဖြင့် ရောဂါရှာဖွေစစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။