ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (ဒုတိယ) အကြိမ်အဖြစ် စုရပ်(၃) ခုခွဲ၍ ဆက်လက်ထိုးနှံပေး လျက်ရှိ
Sep 04,2021
တနင်္သာရီတိုင်းဒေသကြီး ၊ တနင်္သာရီမြို့နယ် အတွင်းလူမျိုး/ဘာသာမရွေး အသက်(၆၅)နှစ် အထက်အဘိုးဘွားများ၊ စားသောက်ဆိုင်/ဈေးဆိုင်ရောင်းချသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတအဖွဲ့များ..စသဖြင့် ဦးတည်အုပ်စု(၁၂)ခုတို့ အား၂၀၂၁ခုနှစ်၊ ဇူလိုင်လ(၃၁ ရက်မှ ဩဂုတ် လ၉ရက်) အတွင်း (ပထမ)အကြိမ်အဖြစ် Sinopharm ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံ ပေးထားသူများကို ဩဂုတ်လ၂၉ ရက်မှစ၍(ဒုတိယ)အကြိမ်အဖြစ်နေ့စဉ်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ကဆေးထိုး စုရပ်(၃)ခုခွဲ၍ စုစုပေါင်း(၂၁၂)ဦးအား ထိုးနှံပေးနိုင်ခဲ့ပြီး ကာကွယ်ဆေး ရရှိမှုအပေါ်မူတည်ပြီး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာ ရေးဦးစီးဌာ နမှသိရှိရသည်။