သတင်းများ

ဝန်းသိုမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ထပ်တိုးဆောင်ရွက်ခွင့်ရရှိသော စီမံကိန်း လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး
Sep 04,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ထပ်တိုးဆောင်ရွက်ခွင့်ရရှိခဲ့သော မင်းကုန်းကျေးရွာနှင့် လေဘိုကျေးရွာ တို့တွင် စီမံကိန်းလုပ်ငန်းဖြစ်သည့် ရွာတွင်းလမ်းများ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို ဩဂုတ်လ ၈ရက်နေ့မှ တစ်ပြိုင်တည်း စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
အုတ်တစ်ချပ်သဲတစ်ပွင့် ဖောင်ဒေးရှင်းမှ တာဝန်ယူတည်ဆောက်ခဲ့သည့် သုဝဏ္ဏ ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာအသစ်ဖွင့်လှစ်
Sep 04,2021
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု တဖြည်းဖြည်းကျဆင်းနေပြီ ဖြစ်သော်လည်း နောက်ထပ်ဖြစ်ပေါ်ကြုံတွေ့လာရမည့် အခြေအနေများကို မျှော်မှန်း၍ ကျန်းမာရေးဝန်ကြီးဌာနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ စီစဉ်ကြီးကြပ်မှုဖြင့် အုတ်တစ်ချပ် သဲတစ်ပွင့် ဖောင်ဒေးရှင်းမှ တာဝန်ယူ တည်ဆောက်ပြီးစီးခဲ့သည့် သုဝဏ္ဏ ကိုဗစ်-၁၉ ကုသရေးစင်တာ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီတွင် အဆိုပါစင်တာတည်ရှိရာ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏမြက်ခင်းတုဘောလုံးကွင်း၌ ကျင်းပခဲ့သည်။
မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် Volunteer များအတွက် နိုင်ငံတော်မှ ထောက်ပံ့သည့် စားသောက်စရိတ်နှင့် စက်သုံးဆီထောက်ပံ့ ပေးအပ်
Sep 04,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လုပ်ငန်းများတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်နေသည့် Volunteer များအတွက် နိုင်ငံတော်မှ ထောက်ပံ့သည့် စားသောက်စရိတ်နှင့် စက်သုံးဆီ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီခွဲက ကိုဗစ်-၁၉ လမ်းညွှန်ချက်နှင့်အညီ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
တရုတ်နိုင်ငံက အခမဲ့လှူဒါန်းသော ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်သောင်း မူဆယ်နန်းတော်ဂိတ်တွင် စတင်လက်ခံ
Sep 04,2021
ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်သည် တရုတ်နိုင်ငံနှင့် နယ်စပ်ချင်းထိစပ်ပြီး ကိုဗစ်-၁၉ရောဂါ ကူးစက် ခံစားမှုလည်း အတူတူပင်ဖြစ်ခဲ့ပါသည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ရွာငံမြို့နယ်သို့ Oxgen 40 liter အိုး(၅၀)လုံး လွှဲပြောင်းပေးအပ်ခြင်းနှင့် ကော်ဖီစိုက်တောင်သူများနှင့် တွေ့ဆုံ
Sep 04,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် Oxygen 40 liter အိုး(၅၀)​လုံး လွှဲ​ပြောင်း​ပေးအပ်ခြင်းနှင့် ကော်ဖီစိုက်တောင်သူများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ရွာငံမြို့နယ်အထွေထွေအုပ်ချုပ်းရေး ဦးစီးဌာန၊ အစည်းအ​ဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့် အရာတော်မြို့နယ် အတွင်းရှိ ဌာနဆိုင်ရာများနှင့် တွေ့ဆုံ
Sep 04,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာ​တော်မြို့တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်နှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ပရဟိတအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက မြို့နယ်အ​​ထွေ​ထွေအုပ်ချုပ်​ရေး ဦးစီးဌာန​၊ အစည်းအ​ဝေး ခန်းမ၌ ကျင်းပသည်။
မင်းဘူး(စကု)မြို့နယ် ကျောင်းကုန်းကျေးရွာ၌ ကမ်းပြိုဘေးသင့် အိမ်ထောင်စုများကို‌ ထောက်ပံ့ငွေများ သွားရောက်ပေးအပ်
Sep 04,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ သနပ်ပင်စုအုပ်စု၊ ကျောင်းကုန်း ကျေးရွာ၌ သဘာဝဘေးကြောင့်ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးသင့် အိမ်ထောင်စု(၁၇)စုအတွက် ထောက်ပံ့ငွေများကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများက အဆိုပါ ကျေးရွာ၌ သွားရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြသ
Sep 04,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် စိုက်ပျိုးရေး ဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ မိုးစပါးစိုက်ပျိုးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အင်းကြီးကျေးရွာ၊ တောင်သူ ဦးကျော်ဝင်း၏ မိုးစပါးရေကျ နောက်ကျစိုက်ခင်း ၅ ဧက၌ ကောက်စိုက်စက်ဖြင့် ကွင်းသရုပ်ပြသခြင်းကို ဆောင်ရွက် ခဲ့ကြသည်။