ဘားအံ စက်တင်ဘာ ၄
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကရင်ပြည်နယ်အစိုးရ၏ အစီအစဉ်ဖြင့် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း အခြေခံ လူတန်းစားများအတွက် စားသောက်ကုန် ပစ္စည်းများဖြစ်သည့် ဆန်နှင့်ကြက်ဥများကို ဈေးနှုန်းချိုသာစွာဖြင့် ဆက်လက် ရောင်းချ ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်နှင့် အမှတ်(၆)ရပ်ကွက် အတွင်းရှိ ပြည်သူများအား မော်တော်ယာဉ်ဖြင့် လိုက်လံရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးရာတွင် ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများက အခြေခံလူတန်းစား ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရေး အတွက် အမှတ်(၅)ရပ်ကွက်နှင့် အမှတ်(၆)ရပ်ကွက်ရှိ သီရိရတနာ(၂)လမ်း၊ ရှုခင်းသာ(၄)လမ်း၊ ရာဘာခြံ(၄)လမ်း၊ မြနန္ဒလမ်း၊ မြသီတာလမ်း၊ ရွှေရောင်ဝင်းလမ်းများတွင် ဆန်တစ်ပြည်လျှင် ငွေကျပ် ၁၀၀၀/-နှုန်း၊ ကြက်ဥ(၁)လုံးလျှင် ငွေကျပ် ၁၀၀/-နှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် ဆန်(၁)ပြည်မှ (၁၀)ပြည်အထိလည်းကောင်း၊ ကြက်ဥ(၁၀)လုံးအထိ မည်သူမဆို လွတ်လပ်စွာ ဝယ်ယူနိုင်ပြီး၊ ဆန်(၁၆၅၀)ပြည်နှင့် ကြက်ဥ(၁၅၀၀)လုံး ရောင်းချပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)