သတင်းများ

တနင်္သာရီမြို့နယ် သမဝါယမဦးစီးဌာနရုံးတွင် ကိုဗစ်-၁၉ ကာလတွင် အခြေခံစားသောက်ကုန်များ ဖြစ်သည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် အာလူးတို့ကို ရောင်းချပေးလျက်ရှိ 
Sep 15,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် ကိုဗစ်-၁၉ ကာလ၌ ပြည်သူများ အဆင်ပြေစွာ ဝယ်ယူစားသောက်နိုင်စေရန်အတွက် အခြေခံစားသောက်ကုန်ဖြစ်သည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် အာလူးများကို မြို့နယ်သမဝါယမဦးစီးဌာနရုံးတွင် စက်တင်ဘာလ (၁၃) ရက်နေ့မှစ၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ 
မြို့နယ်ရွေ့လျား ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးအဖွဲ့မှ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ အခမဲ့စစ်ဆေးပေး
Sep 15,2021
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေး‌ဦးစီးဌာန ရွေ့လျား ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးအဖွဲ့မှ ပြည်သူများအား ကိုဗစ်၁၉ရောဂါပိုး ရှိ/မရှိ အခမဲ့စစ်ဆေး ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက အနှိပ်တော်ရပ်ကွက်၊ အကွက်(၁၂/က)ရှိ သမဂ္ဂဓမ္မာရုံတွင် ပြုလုပ်သည်။
တောင်သာမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး လှည့်လည်အသိပေးနှိုးဆော် 
Sep 15,2021
မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ လျော့ပါးသက်သာလာစေရန်၊ အကောင်းဆုံကာကွယ်ဖို့ နည်းလမ်းများ သိရှိစေရန် ရည်ရွယ်၍  ယမန်နေ့နံနက်(၉)နာရီအချိန်တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လိုက်လံအသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။ 
သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါကူးစက်ပြန့်ပွားမှုလျောကျစေရန်ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်းများကိုစဉ်ဆက်မပြတ်ဆက်လက်ဆောင်ရွက်
Sep 15,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင်ကိုဗစ်−၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန်ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းများကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များတွင် သာမက မြို့နယ်အတွင်းရှိကျေးရွာများအရောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စဉ်ဆက်မပြတ်ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ငါန်းဇွန်မြို့နယ်တွင် အုပ်စုအလိုက် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Sep 15,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဦးစားပေး အုပ်စုအလိုက် ဩဂုတ် (၃၀)ရက်နေ့မှစ၍ နေ့စဉ် နံနက်၉နာရီမှ ၁၁နာရီအချိန်အထိ မြို့နယ်အတွင်းရှိ ဇုံနယ်မြေအလိုက် သတ်မှတ်နေရာများ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ(၁၅)ဦးထပ်မံတွေ့ရှိ
Sep 15,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ယမန်နေ့က  ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၁၅)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်၌ (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 15,2021
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံရန် ကျန်ရှိသူများကို ယမန်နေ့ နံနက် ၉ နာရီအချိန်က တိုက်ကြီးမြို့မ ( အ.ထ.က ) ကျောင်းတွင် ဉီးစားပေး ဉီးတည်အုပ်စုအလိုက် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ဒေသခံပြည်သူ (၉၀) ဉီး လာရောက်ထိုးနှံခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာန မှ သိရသည်။
တောင်သာမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းကျင်းပဆောင်ရွက်
Sep 15,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်တွင် ပညာလိုလျှင် ပျိုမျစ်တင် စာအုပ် ဖြင့်စာဖတ်ဝိုင်းကို ယနေ့ နေ့လည်(၁)နာရီခွဲအချိန်က ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။