ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 15,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြိုတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံပေးခြင်းကို သံဃာတော်များ၊ သီလရှင်များ၊ အခြားသောဘာသာရေးခေါင်းဆောင်များ၊ အသက်(၆၅)နှစ်နှင့် အထက်သက်ကြီး ဘိုးဘွားများ၊ ဝန်ထမ်းမိသားစုများ၊ ဘဏ်ဝန်ထမ်းများ၊ ဈေးသူဈေးသားများ၊ လူမှုကူညီရေးအသင်းများ (Volunteer)နှင့် ပုဂ္ဂလိကစက်ရုံအလုပ်ရုံများမှဝန်ထမ်းများကို ယနေ့ နံနက် ၉ နာရီမှ ၁၂ နာရီအချိန်အထိ သတ်မှတ်စုရပ်နေရာများ၌ ကာကွယ်ဆေး (Sinopharm) များ ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။