တရုတ်နိုင်ငံတွင် အလုပ်သွားရောက် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများအား တာဝန်ရှိသူများထံ ပြန်လည်လွှဲပြောင်း
Sep 15,2021
ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်မြို့ တရုတ်-မြန်မာ နယ်စပ် စစ်ဆေးရေးစခန်းသို့ တရုတ်နိုင်ငံရှိ မြို့အသီးသီးတွင် အလုပ်သွားရောက် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား (၉)ဦးအား တရုတ်နိုင်ငံနယ်ခြားစောင့် လူဝင်မှုစစ်ဆေးရေးဌာန၊ ရဲမှူးကျန်းကျင်းကွေး ဦးဆောင်သောအဖွဲ့မှ ချင်းရွှေဟော်နှစ်နိုင်ငံ နယ်စပ်တံတားပေါ်တွင် လွှဲပြောင်း ပေးအပ်ခဲ့ရာ ယမန်နေ့ ညနေပိုင်း အချိန်က တာဝန်ရှိ ဌာနဆိုင်ရာများက စိစစ်လက်ခံခဲ့ကြောင်း သိရသည်။