တောင်သာမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး လှည့်လည်အသိပေးနှိုးဆော် 

တောင်သာ စက်တင်ဘာ ၁၅ 

မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ လျော့ပါးသက်သာလာစေရန်၊ အကောင်းဆုံကာကွယ်ဖို့ နည်းလမ်းများ သိရှိစေရန် ရည်ရွယ်၍  ယမန်နေ့နံနက်(၉)နာရီအချိန်တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လိုက်လံအသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ နှိုးဆော်ချက်များတွင် ကိုဗစ်-၁၉ ရောဂါ လျော့ပါးသက်သာစေရန်အတွက် ကျန်မာရေးဦးစီးဌာနသို့ သွားရောက်ပြသရန်၊ အသက်ကြီးတဲ့သူတွေ၊ နှလုံးရောဂါ၊  ဆီးချိုရောဂါ၊  အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါရှိတဲ့သူတွေ  ကိုယ်ခံအား နည်းတဲ့သူတွေအတွက်  ပိုပြီးအန္တရာယ်များကြောင်းနှင့် အကောင်းဆုံး ကာကွယ်ဖို့ နည်းလမ်းတွေကတော့ စနစ်တကျ လက်မဆေးပဲ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို လက်ဖြင့် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ၊ တက်နိုင်သလောက် မိမိလက်နဲ့မျက်နှာကို မထိတွေ့စေဖို့သတိပြုပါ၊  သန့်ရှင်းလက်ဆက်တဲ့  အစားအစာကို ရွေးချယ် စားသုံးပါ၊  အစားအသောက်များကို ကျက်အောင်ချက်ပြုတ်စားသုံးပါ ကျန်းမာရေး ဝန်ကြီးဌာနက   အချိန်နဲ့တပြေးညီ ထုတ်ပြန်တဲ့ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ပေးကြဖို့နဲ့ ပြည်သူအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းနှိုဆော်ခဲ့ကြောင်း သိရသည်။ 

တောင်သာမြို့နယ်ကျေးရွာများသို့ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ယမုံဦးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးမှူးဦးရဲဝင်းအောင်တို့က ပြည်သူများအတွက် အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။ 

ကျော်မျိုးနိုင်(တောင်သာ)