သတင်းများ

ကျိုင်းတုံတွင် ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် အောက်ဆီဂျင်အိုးများ လှူဒါန်း
Sep 14,2021
ရှမ်းပြည်နယ်၊ အရှေ့ပိုင်း၊ ကျိုင်းတုံပြည်သူ့ဆေးရုံကြီးနှင့် အမှတ်(၃) ကုတင် (၃၀၀) တပ်မတော်ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းများအတွက် အထောက်အကူ ဖြစ်စေရန်အတွက် အောက်ဆီဂျင်အိုးများ ပေးအပ်လှူဒါန်းပွဲကို စက်တင်ဘာ ၁၃ ရက် မွန်းလွဲ ၂ နာရီက ကျိုင်းတုံပြည်သူ့ဆေးရုံကြီး၌ ပြုလုပ်သည်။
ရှမ်းရွာသစ်မြို့တွင်ပြည်သူများကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ကရင်၊မြန်မာနှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိ
Sep 14,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို အမြန် ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးနှင့်ကြိုတင်ကာကွယ်ရန်ရည်ရွယ်၍ အသိပညာပေးခြင်းလုပ်ငန်းများကို အရှိန် အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ  ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ပြည်သူသို့အသိပေးပန်ကြားချက်များကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန် အတွက် ကရင်၊ မြန်မာနှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်မှုများကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။    
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကျေးရွာများရှိ ပြည်သူများ အား ကိုဗစ်-၁၉ ပိုး ရှိ/မရှိ  အခမဲ့ စစ်ဆေးဆောင်ရွက်
Sep 14,2021
ရခိုင်ပြည်နယ် မောင်တောမြို့နယ် တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်  ကညင်တော ကျေးရွာ နှင့် ပေါင်းစားကျေးရွာရှိ ပြည်သူများအား ယမန်နေ့ နံနက် ၉ နာရီ အချိန်က  အဆိုပါ ကျေးရွာ များရှိ သတ်မှတ်စုရပ် နေရာ များတွင်  ကိုဗစ်-၁၉ ပိုး ရှိ/မရှိ Rapid Diagnostic Test (RDT) ဖြင့် အခမဲ့ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ပေး ခဲ့ကြ ကြောင်း သိရသည်။
မိုးမောက်မြို့တွင် မိုးစပါးဆင်းဧကရီ (၃)မျိုးသန့် မျိုးစေ့ထုတ်စိုက်ခင်း မျိုးကွဲနုတ်ပယ်ခြင်းဆောင်ရွက်
Sep 14,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ၊ မိုးမောက်မြို့နယ်တွင် တောင်သူများစပါးမျိုးသန့်များ လွယ်ကူ စွာဝယ်ယူရရှိစေရန် ၊ မျိုးသန့်အသုံးပြုခြင်းဖြင့် တစ်ဧကအထွက်နှုန်း တိုးတက်မြင့်မားပြီး ထွက် ကုန်အရည်အသွေး ကောင်းမွန်စေရန်အတွက် ယမန်နေ့ နံနက် ၈ နာရီတွင် မိုးစပါး ဆင်းဧက ရီ(၃) မျိုးသန့် မျိုးစေ့ထုတ်စိုက်ခင်းမျိုးကွဲနုတ်ပယ်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အလှူရှင်များ စုပေါင်း၍ ဇလွန်မြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲနှင့် ကြက်သွန်များ ဆက်ကပ်လှူဒါန်း
Sep 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စေတနာရှင်ပြည်သူများက မြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲနှင့် ကြက်သွန်များ စုပေါင်းလှူဒါန်းသော ဆန်အိတ် ( ၃၀၃ ) အိတ်၊ ဆီ ( ၄၄၉ ) ပိဿာ၊ ပဲ ( ၈၄၈ ) ပိဿာ၊ ဆား (၂၅၃) ပိဿာ၊ ကြက်သွန် ( ၅၀၀ )ပိဿာ တို့အားလှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်တွင် ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန်​​ မြတ်စွာဘုရားကြီးဝန်းအတွင်းရှိ မဟာအတုလဝေယံ ပြည်တော်ပြန် သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပန်နန်းဒင်မြို့အဝင်ရှိ နမ့်တမိုင်ချောင်းထိပ်တွင် ကျန်းမာရေးပူးပေါင်းစစ်ဆေးရေးဂိတ်ဖွင့်လှစ်ကာ နေ့စဉ်ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးလျက်ရှိ
Sep 14,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခါကာဘိုရာဇီဒေသ ပန်နန်းဒင်မြို့အဝင်ရှိ နမ့်တမိုင်ချောင်း ထိပ်တွင် ပန်နန်းဒင်မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းဦးဆောင်မှုဖြင့် ကျန်းမာရေးပူးပေါင်း စစ်ဆေးရေးဂိတ်ဖွင့်လှစ်ကာ နေ့စဉ်ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း ကျောက်ဖြူခရိုင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Sep 14,2021
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ကျောက်ဖြူခရိုင်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပရဟိတအသင်းသို့ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းနှင့် IDPs စခန်းများသို့ ရိက္ခာခြောက်များ ထောက်ပံ့ခြင်းတို့ ဆောင်ရွက်
Sep 14,2021
ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့မင်းရပ်ဗဟိုဗလီ၌ အကျိုးဆောင်မွတ်စလင် လူငယ်ပရဟိတအသင်းအတွက် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း နှင့် IDPs စခန်းများသို့ ရိက္ခာခြောက်များ သွားရောက်ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် မြစ်ကြီးနားမြို့၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။