ငါန်းဇွန်မြို့နယ်တွင် အုပ်စုအလိုက် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ငါန်းဇွန်   စက်တင်ဘာ  ၁၅

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဦးစားပေး အုပ်စုအလိုက် ဩဂုတ် (၃၀)ရက်နေ့မှစ၍ နေ့စဉ် နံနက်၉နာရီမှ ၁၁နာရီအချိန်အထိ မြို့နယ်အတွင်းရှိ ဇုံနယ်မြေအလိုက် သတ်မှတ်နေရာများ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေးရာ ယမန် နေ့က မြို့မဇုံမှ (၆၀)ဦး၊ ခြင်္သေ့လက်ဇုံမှ (၆၅)ဦး၊ သားကျင်ဇုံမှ (၈၅)ဦး၊ မြို့သာဇုံမှ (၃၀)ဦးနှင့် ငါန်းမြာဇုံမှ (၂၀)ဦး၊ ငါန်းဇွန် မြို့နယ်အတွင်း စုစုပေါင်းဇုံ(၅)ဇုံမှ သတ်မှတ် ဦးစားပေးအုပ်စုအလိုက်(၂၆၀)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

ငါန်းဇွန်မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ ဝင်များက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသော သတ်မှတ် ဦးစားပေးအုပ်စု အလိုက် လူစုလူဝေးမဖြစ်ပေါ်စေရေး၊ သွားလာရေးအဆင်ပြေစေရန် ကူညီဆောင် ရွက်ပေး လျက်ရှိပြီး မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေး ထိုးနှံပေးလျက်ရှိရာ ဩဂုတ် ၃၀ရက်နေ့မှ စက်တင်ဘာ ၁၄ရက်နေ့အထိ မြို့နယ်အတွင်း ဇုံ(၅)ဇုံမှ (၆၅)နှစ်နှင့်အထက် သက်ကြီး ရွယ်အိုများနှင့် သတ်မှတ် ဦးစားပေးအုပ်စုအလိုက်(၃၆၇၃)ဦးထိုးနှံပြီးဖြစ်ကြောင်းနှင့်ကျန်ရှိနေသည့် သတ်မှတ်ဦးစားပေးအုပ်စုအလိုက် ဆက်လက်၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)