တိုက်ကြီး စက်တင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံရန် ကျန်ရှိသူများကို ယမန်နေ့ နံနက် ၉ နာရီအချိန်က တိုက်ကြီးမြို့မ ( အ.ထ.က ) ကျောင်းတွင် ဉီးစားပေး ဉီးတည်အုပ်စုအလိုက် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ဒေသခံပြည်သူ (၉၀) ဉီး လာရောက်ထိုးနှံခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာန မှ သိရသည်။
အဆိုပါ ( ဒုတိယအကြိမ် ) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ဩဂုတ်လ ၃၀ ရက်နေ့မှ ယနေ့ နံနက်ပိုင်းအချိန်အထိ ဆက်လက်ထိုးနှံပေးလျက်ရှိပြီး ပြည်သူများ ကာကွယ်ဆေးထိုးနှံရာတွင် အခက်အခဲမရှိ အဆင်ပြေစွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့၏ ဉီးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ တိုက်ကြီးမြို့နယ် Volunteer Team မှ ပရဟိတ အဖွဲ့ဝင်များနှင့် ပူးပေါင်းကာ စနစ်တကျ ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်၌ (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရမည့် ဉီးရေ (၇၉၈၃) ဉီးရှိပြီး ယမန်ရက်နေ့အထိ ကာကွယ်ဆေး ထိုးနှံပြီးသူဉီးရေ (၃၇၅၈)ဉီးရှိကြောင်းနှင့် ကျန်ရှိနေသည့် (ဒုတိယ အကြိမ်ကာကွယ်ဆေးထိုးနှံမည့် ပြည်သူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဉီးအောင်ကျော်စိုးထံမှ သိရသည်။
စန်းကလျာခိုင်