ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ(၁၅)ဦးထပ်မံတွေ့ရှိ

ဆီဆိုင်    စက်တင်ဘာ    ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ယမန်နေ့က  ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၁၅)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပိုးတွေ့လူနာများအား မြို့နယ်ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ပြည်သူ့ဆေးရုံများရှိ သီးသန့် လူနာဆောင်တွင် ထားရှိကုသလျက်ရှိပြီး ဆီဆိုင်မြို့နယ်တွင် ဇူလိုင်လ(၈)ရက်နေ့မှ စက်တင်ဘာ (၁၄) ရက်နေ့ထိ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ (၅၂၁)ဦးရှိပြီး ကျန်းမာရေး ကောင်းမွန်၍ နေအိမ်သို့ ပြန်လည်စေလွှတ်သူ (၁၇၉) ဦး၊ (၁၂) ဦး သေဆုံးကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မျိုးမြတ်(ဆီဆိုင်)