တောင်သာမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းကျင်းပဆောင်ရွက်

တောင်သာ စက်တင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်တွင် ပညာလိုလျှင် ပျိုမျစ်တင် စာအုပ် ဖြင့်စာဖတ်ဝိုင်းကို ယနေ့ နေ့လည်(၁)နာရီခွဲအချိန်က ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင်  မြို့နယ်ဦးစီးမှူး ဦးရဲဝင်အောင်က စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့်စာပေဖတ်ရှုသည့် အလေ့အထတိုးတက်မှုရရှိ စေရန် စာဖတ်ဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ စာဖတ်ဝိုင်းသို့ တက်ရောက်လာသူဝန်ထမ်းများမှ ပညာရကြောင်းအကြောင်းရှစ်ပါး ခေါင်းစဉ် ဖြင့်လည်းကောင်း၊ ပညာသင်တယ်ဆိုတာ လူဖြစ်အောင် ထုဆစ်တာဖြစ်တယ်    ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပညာရေးဆိုတာရှင်သန်စေခြင်း ခေါင်းစဉ် ဖြင့်လည်းကောင်း၊ အောင်မြင်ခြင်းကိုဆောင်သော အားငါးပါး ခေါင်းစဉ်ဖြင့်လည်း ကောင်း တင်ပြဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဦးရဲဝင်အောင်နှင့် ဝန်ထမ်းများက အသီးသီးအပြန် အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)