သတင်းများ

ကလေးဝမြို့တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက် ထိုးနှံပေး
Sep 15,2021
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်အတွင်း ရပ်ကွက်ကျေးရွာအုပ်စုများရှိ မိဘပြည်သူများအား ဦးစားပေး အဆင့်လိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို စက်တင်ဘာလ ၁၄ ရက် နံနက် ၉ နာရီက စတင်၍ ကလေးဝမြို့ပေါ် အမှတ်-၁ အ‌ခြေခံပညာအလယ်တန်းကျောင်း(ခွဲ)နှင့် ချင်းတွင်းမြစ်သာခန်းမ၊ မြို့မကျေးရွာနှင့် အင်ဒုတ်ကျေးရွာတို့ရှိ စာသင်ကျောင်းတို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးအားထိုးနှံပေး ခဲ့ကြောင်း သိရသည်။
ပင်းတယမြို့နယ်၌ ဒုတိယအကြိမ်ကိုဗစ်ရောဂါကာကွယ်ဆေးထိုးရန်၊ ကျန်ရှိသူများအားဆက်လက်ထိုးနှံပေး
Sep 15,2021
ရှမ်းပြည်နယ်တောင်ပိုင်းဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပင်းတယမြို့တွင်ဒုတိအကြိမ်ကိုဗစ်ရောဂါကာကွယ်ဆေးထိုးရှိရန် ကျန်ရှိသူများအား ယနေ့နံနက်၁၀နာရီက ဓနု ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသခန်းမ၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ(၃၆ )ဦးထပ်မံတွေ့ရှိ
Sep 15,2021
မြင်းခြံခရိုင်၊နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့ဆက် စပ်သူများ၊ ဖျားနာခြင်း၊ အသက်ရှုကြပ်ပြီး၊ ချောင်းဆိုးခြင်းတို့ကြောင့် နွားထိုးကြီး မြို့နယ်၊ ပဲချက်ကျေး ရွာ၊အထကတွင် အနံ့ပျောက်၍ဖျားနေသူ (၉၈)ဦးကိုစစ်ဆေးရာ (၁)ဦးတို့တွင်ပိုးတွေ့ပြီး ဆက်လက်၍ ရွာကြီးကျေးရွာ၊အထကတွင်လည်း (၇၈)ဦးကို စစ်ဆေးခဲ့ရာ(၁၇)ဦးကို (RDT ) ဖြင့်ယမန်နေ့ ညနေ ၃နာရီအချိန် တွင်စစ်ဆေးရာ ကိုဗစ်- ၁၉ ရောဂါပိုး ထပ်မံ တွေ့ရှိကြောင်းသိရသည်။                                                      
ပန်းတနော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ရပ်ကွက်/ကျေးရွာများ အတွင်းလိုက်လံအသိပေးနှိုးဆော်
Sep 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါကာ ကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီတာခိုင်နှင့်ဝန်ထမ်းများ၊ လူမှုကူညီရေး အဖွဲ့တို့ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၁ နာရီက လိုက်လံအသိပေးနှိုးဆော်ခဲ့သည်။
ယခုနှစ် မိုးစပါးရာသီ၌ ရွှေဘိုပေါ်ဆန်းမျိုးစေ့ထုတ်စိုက် ဧက(၁၀၄၀)စိုက်ပျိုးပြီးစီး
Sep 15,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်တွင် ယခုနှစ် မိုးစပါးရာသီ၌ ရွှေဘိုပေါ်ဆန်းမျိုးစေ့ထုတ်စိုက် ဧက(၁၀၄၀) စိုက်ပျိုးပြီးစီး ပြီဖြစ်ကြောင်း ရွှေဘိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ငါန်းဇွန်မြို့၌ အိမ်ရှင်နှင့် အိမ်ငှားနေထိုင်သူများသို့ အသံချဲ့စက်ဖြင့် အသိပေးကြေညာ
Sep 15,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့၌ ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် မြို့ပေါ်ရပ်ကွက်များအတွင်း အိမ်ရှင်နှင့်အိမ်ငှားနေထိုင်သူများ သို့ အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးကြေညာခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးအတည်ပြုလူနာ(၄)ဦးထပ်မံတွေ့ရှိ
Sep 15,2021
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်ပြည်သူ့ဆေးရုံတွင် ယမန်နေ့က လာရောက် ပြသသော အနံ့ မရသူ၊ ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာနှင့် ထိစပ်သူ(၁၄)ဦးတို့အား (RDT)ဖြင့်စစ်ဆေးခဲ့ရာ အမှတ်(၁)ရပ် ကွက်မှ အနံ့မရသူ အသက်(၆၅)နှစ် အမျိုးသား (၁)ဦးနှင့် အသက်(၆၈)နှစ် အမျိုးသမီး(၁)ဦး၊ အမှတ်(၂)ရပ် ကွက်မှ အသက်(၆၇)နှစ် အမျိုးသမီး(၁)ဦးနှင့် အမှတ်(၃)ရပ်ကွက်မှ အနံ့မရသူအသက်(၁၅)နှစ် အမျိုးသား (၁)ဦးတို့တွင် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိရသဖြင့် အဆိုပါပိုးတွေ့လူနာ(၄)ဦးအား မြို့နယ်ပြည်သူ့ဆေးရုံတွင် ကျန်းမာရေး စောင့်ရှောက်မှုခံယူရန် Hospital Quarantine ထားရှိပြီး ၎င်းတို့နှင့် ထိစပ်သူ(၂)ဦးအား Strict Home Quarantine ထားရှိကြောင်း သိရသည်။
သီပေါမြို့နယ်တွင် အပြင်သွားလာသူများအား ပြင်ပသွားလာခွင့် ကတ်ပြား ပါ/မပါ စစ်ဆေးဆောင်ရွက်
Sep 15,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရန်အတွက် လိုအပ်သည့် စည်းကမ်းချက်များ ချမှတ်ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်း နေထိုင်သော ပြည်သူများအား ပြင်ပသွားလာခွင့် ကတ်ပြား ပါ/မပါ စစ်ဆေးခြင်းနှင့် ပါးစပ်နှာခေါင်းစည်း(Mask) တပ်ဆင် သွားလာခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို  နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင်လည်း မြို့ပေါ်ရပ်ကွက်(၁၁)ရပ်ကွက်နှင့် ကျေးရွာ များတွင်  ဆက်လက်စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။