ဟင်္သာတခရိုင် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် တာဝန်ရှိသူများမှ ​ဇလွန်မြို့၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများ ဆက်လက်ကောက်ယူနေမှုအား ကြည့်ရူအားပေး

ဇလွန် ​အောက်တိုဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ သန်းခေါင်းစာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်စိုး၊ မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၉ နာရီတွင် ဇလွန်မြို့၌ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများ ဆက်လက်ကောက်ယူနေမှုအား ကြည့်ရူအားပေးခဲ့ကြသည်။

ဇလွန်မြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်ယူမှုအား အောက်တိုဘာလ ၁ ရက်နေ့မှစတင်ကောက်ယူလျက်ရှိရာ ​ယနေ့နံနက်ပိုင်းတွင်လည်း မြို့​ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် ဆက်လက်ကောက်ယူလျက်ရှိပြီး ထို​သို့ကွင်းဆင်းကောက်ယူရာတွင် မြို့နယ်စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုအသီးသီးတို့တွင်  Mobile Tablet များအသုံးပြု၍ တစ်အိမ်တက်ဆင်းစနစ်ဖြင့် စနစ်တကျ ကောက်ယူလျက်ရှိပြီး အဆိုပါစာရင်းကောက်ယူရာသို့ ဟင်္သာတခရိုင်၊ သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်စိုး၊ မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ဇလွန်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက် (၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၆၆)အုပ်စု၊ ကောက်ကွက်ပေါင်း (၃၁)ကွက်တို့၌ စာရင်းစစ် (၃၄)ဦး၊ စာရင်းကောက် (၁၃၀)ဦးတို့က မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့်ပူးပေါင်း၍ ကောက်ယူလျက်ရှိကြောင်းသိရသည်။

ဝေယံ - ဇလွန်(ပြန်/ဆက်)