ကျိုင်းတုံ အောက်တိုဘာ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနကဦးဆောင်၍ အထူးကုဆရာဝန်များပါဝင်သည့် ဆေးကုသရေးအဖွဲ့သည် ရေဘေးသင့်ပြည်သူများအတွက် ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခြင်းကို ယမန်နေ့က ကျိုင်းတုံမြို့နယ်၊ ယန်းခကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျိုင်းတုံပြည်သူ့ဆေးရုံးကြီးမှ အထူးကု(ခွဲစိတ်)ဒေါက်တာ ကိုကိုနိုင်၊ အထူးကု(သားဖွား/မီးယပ်) ဒေါက်တာအေးမိုးမိုးခိုင်တို့ ဦးဆောင်သည့် အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက ယန်းခကျေးရွာနှင့်အနီးပတ်ဝန်းကျင် ကျေးရွာများမှ ရေဘေးသင့်ပြည်သူ လူနာ ၉၄ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)