ပုဗ္ဗသီရိ အောက်တိုဘာ ၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ခဲ့သည့် မိုးသီးနှံများအား ပြန်လည်ကုစားရန် တောင်သူများနှင့် တွေ့ဆုံရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအုပ်စု၊ ရွာလယ်ဓမ္မာရုံတွင်ကျင်းပရာ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ် တက်ရောက်ခဲ့သည်။
ဦးစွာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ်က အမှာစကားပြောကြားရာတွင် ရေကျပြီးနောက်ပိုင်း မိုးသီးနှံများ ပြန်လည်ကုစားရန်အတွက် နိုင်ငံတော်မှ တောင်သူများအတွက် လိုအပ်သည့်သွင်းအားစုများ ထောက်ပံ့ပေးခြင်းဖြင့် စပါးအထွက်နှုန်းများ မလျော့ကျစေရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ဦးစားပေးဆောင်ရွက်လျက်ရှိပြီး ထိခိုက်ပျက်စီးခဲ့သည့် လယ်ယာမြေများ အမြန်စိုက်ပျိုး လုပ်ကိုင်နိုင်ရေး မြေပြုပြင်ပေးခြင်း၊ မျိုးစေ့များ ထောက်ပံ့ပေးခြင်း၊ သွင်းအားစုများ လက်ဝယ်အရောက်ရရှိရေးတို့ကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရေကြီးရေလျှံခဲ့မှုကြောင့် ရေထုတ်မြောင်းများ၊ ရေနုတ်မြောင်းများတွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် နုန်းများပြန်လည်တူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ရေနစ်မြုပ်ခဲ့သည့် လယ်ယာမြေများအား အမြန်ဆုံးပြန်လည်စိုက်ပျိုးနိုင်ရေး၊ တစ်ဧကအထွက်နှုန်း မြင့်မားရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးတို့ကို အလေးထား ဆောင်ရွက်စေလိုကြောင်း၊ ထိခိုက်ခဲ့သည့် စပါးခင်းများတွင် ပြန်လည်ကုစားရန် တောင်သူများနှင့်တွေ့ဆုံ၍ ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရေနစ်မြုပ်သည့်မိုးသီးနှံများ ပြန်လည်ကုစားရေး တွေ့ဆုံရှင်းလင်းပွဲသို့ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ မြေစာရင်းတိုင်းဦးစီးမှူး ဦးတင်ထူး၊ စိုက်ပျိုးရေးဌာနမှ ညွှန်ကြားရေးမှူး ဦးတိုမင်း၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးထိန်လင်းဟန်၊ ခရိုင်စီမံအုပ်ချုပ်ရေးမှူး ဦးစောနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးစိန်ကြည်၊ ခရိုင်ဆည်မြောင်းဦးစီးမှူး ဦးကျော်ကျော်နိုင်၊ မြို့နယ်ဆည်မြောင်းဦးစီးမှူး ဦးခင်မောင်သန်း၊ မြို့နယ်မြေစာရင်းဦးစီးမှူး ဦးမျိုးထွန်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထက်အောင်တို့ တက်ရောက်ခဲ့ပြီး စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်ထွဋ်မှ စိုက်ပျိုးရေးကိစ္စများ၊ လယ်မြေပြုရေးကိစ္စများ၊ သီးနှံများအား နိုင်ငံ့စီးပွားဖြစ် ဆက်လက်စိုက်ပျိုးသွားကြရန်တို့အား အကျယ်တဝင့် ရှင်းလင်းတွေ့ဆုံဆွေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးထွန်းမှ ကွင်းအမှတ်(၁၆၂၃)ရှိ လယ်မြေများ ရေနစ်မြုပ်မှုနှင့်ပတ်သက်၍ ပြန်လည်ပြုပြင်မည့် အစီအမံများကို တောင်သူများအား အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)