အင်းစိန်မြို့နယ်၊ လောကချမ်းသာ အဘယလာဘမုနိ ရုပ်ပွားတော်မြတ်ကြီး(ကျောက်တော်ကြီးဘုရား)၏ (၂၉)ကြိမ်မြောက် အဘိဓမ္မာ(၇)ကျမ်းတော်မြတ် ရွတ်ဖတ်ပူဇော်ပွဲကြီး ကျင်းပမည်

ရန်ကုန် အောက်တိုဘာ ၅

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ လောကချမ်းသာ အဘယလာဘမုနိ ရုပ်ပွားတော်မြတ်ကြီး(ကျောက်တော်ကြီးဘုရား)၏ (၂၉)ကြိမ်မြောက် အဘိဓမ္မာ(၇)ကျမ်းတော်မြတ် ရွတ်ဖတ်ပူဇော်ပွဲကြီးကို အောက်တိုဘာလ(၈)ရက်နေ့မှ အောက်တိုဘာလ(၁၆)ရက်နေ့အထိ (၉)ရက်တိုင်တိုင် အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ မင်းဓမ္မကုန်းတော်ပေါ် တည်ထားကိုးကွယ်လျက်ရှိသော လောကချမ်းသာ အဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး၏ ဘုရားဝင်းအတွင်းတွင် ကျင်းပမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

ထိုအခမ်းအနားတွင် ဆရာတော်သံဃာတော်(၂၇)ပါးအား အာရုံဆွမ်း၊ နေ့ဆွမ်း၊ သင်္ကန်းခြင်း၊ ကန်တော့ပွဲနှင့် နဝကမ္မအလှူငွေများကို တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်သည်။

အဆိုပါ အင်းစိန်မြို့နယ်၊ လောကချမ်းသာ အဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး(ကျောက်တော်ကြီးဘုရား) ၏ (၂၉)ကြိမ်မြောက် အဘိဓမ္မာ(၇)ကျမ်းတော်မြတ် ရွတ်ဖတ်ပူဇော်ပွဲကြီးတွင် ပါဝင်လှူဒါန်းလိုသူများအနေဖြင့် မိမိတို့တတ်စွမ်းသမျှအလှူများကို လောကချမ်းသာ အဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဦးသိန်းဌေး(ရုံးအဖွဲ့မှူး)၊ ဖုန်းနံပတ် 09259161925ကို ဆက်သွယ် ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။

သတင်း ဇွဲထက်ကို(ပြန်/ဆက်)