ရွာငံမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူ

ရွာငံ အောက်တိုဘာ 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်း လူဦးရေနှင့်အိမ်ကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာ (၄)ရက်နေ့ နံနက် (၇)နာရီက ကောက်ယူလျက်ရှိသည်။

ရွာငံမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ (၁)ရက်မှစ၍ ကောက်ယူလျက်ရှိရာ ယနေ့တွင် ဈေးတန်း၊ ရွာမ၊ မြို့ကုန်း မြို့ပေါ်ရပ်ကွက်များတွင် ဆက်လက်ကောက်ယူလျက်ရှိသည်။ ရွာငံမြို့နယ်တွင် မြို့ပေါ် (၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၈)အုပ်စုရှိရာ သန်းခေါင်စာရင်းကောက်ကွက် (၂၃)အုပ်စုမှ ကောက်ကွက်(၁၇၆)ရှိပြီး စာရင်း‌ကောက်ယူ‌ရေး(၃၀)ဖွဲ့မှ အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ နေ့စဉ်နံနက်(၇)နာရီမှ ညနေ (၆) နာရီအထိ စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)