ခန္တီးမြို့နယ်၌ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

ခန္တီး အောက်တိုဘာ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ မိခင်ကလေးကျန်းမာရေးဌာနတွင် ယမန်နေ့ နံနက်(၉)နာရီ အချိန်မှစ၍ ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် ခန္တီးမြို့ပေါ်ရပ်ကွက်/ ကျေးရွာများမှ အသက်(၉)လအရွယ် ကလေးငယ်များအား ဂျပန်ဦးနှောက်ရောင်(တစ်ကြိမ်)နှင့် ဝက်သက်-ဂျိုက်သိုး(ပထမအကြိမ်)ကိုလည်းကောင်း၊ အသက်(၁)နှစ်ခွဲအရွယ်ကလေးငယ်များအား ဆုံဆို့- ကြက်ညှာ- မေးခိုင်- အသည်းရောင်အသားဝါ(ဘီ)- ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)(စတုတ္ထအကြိမ်)နှင့်ဝက်သက်ဂျိုက်သိုး(ဒုတိယအကြိမ်)ကိုလည်းကောင်း မိခင်ကလေးကျန်းမာရေးဌာနမှ  ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကမ်းကီး(ပြန်/ဆက်)