ပင်လောင်းမြို့နယ်၌ ရေဘေးသင့်ပြည်သူများအား အထူးကုဆရာဝန်များမှ ကွင်းဆင်းဆေးကုသမှု ‌ဆောင်ရွက်ပေး

ပင်လောင်း အောက်တိုဘာ ၅

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် အထူးကုဆရာဝန်းများမှ ရေဘေးသင့်ပြည်သူများ၏ ကျန်းမာရေးကွင်းဆင်းဆေးကုသမှုလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက မွေတော်ဘုရားကြီးကျောင်း၌ ဆောင်ရွက်ပေးခဲ့သည်။

ဆေးကုသမှုများကို ပင်လောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်သိန်းထွေးနှင့် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးလာရောက်စစ်ဆေးသည့် ရေဘေးသင့်ပြည်သူများကို စာရင်းရေးသွင်းခြင်း၊ သွေးပေါင်ချိန်တိုင်တာပေးခြင်း၊ ဆီးချို သွေးချို သွေးဖောက်စစ်ဆေးပေးခြင်း၊ အထွေထွေရောဂါများစစ်ဆေးပေးခြင်း ဆောင်ရွက်ပေးခဲ့ပြီး၊ ကလောမြို့ပြည်သူ့ဆေးရုံမှ အထွေထွေရောဂါအထူးကုဆရာဝန် ဒေါက်တာရဲအောင်၊ အရိုးအထူးကုဆရာဝန် ဒေါက်တာနိုင်ထူးရွှေနှင့် ကျန်းမာရေးဝန်ထမ်းတို့က ရေဘေးသင့်ပြည်သူများကို ဆေးကုသမှုများ၊ လိုအပ်သည့်‌ဆေးဝါးများအား အခမဲ့ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ရေဘေးသင့်ပြည်သူများအား ကျန်းမာ‌ရေးစစ်ဆေးကုသပေးနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးတို့က သွားရောက်ကြည့်အားပေးခဲ့ကြပြီး၊ ကျန်းမာရေးလာရောက်ဆေးကုသူ (၃၅၀) ဦးရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်