မိုင်းဆတ်မြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

မိုင်းဆတ် အောက်တိုဘာ ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်ဆတ်မြို့တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) ခရိုင်သန်းခေါင် စာရင်းကော်မတီ၏ကြီးကြပ်မှုဖြင့် အောက်တိုဘာလ ၁ ရက် နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက တစ်အိမ်တက်ဆင်း ကောက်ယူလျက်ရှိကြောင်း သိရသည်။

အဆိုပါ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက ကွန်ပျူတာအထောက်အကူပြုလူတစ်ဦးချင်း ကောက်ယူသည့်စနစ်ဖြင့် (Mobile Tablet) များကိုအသုံးပြုကာ အိမ်ထောင်စု မေးခွန်းပုံစံ(၆၈)ခု၊ အဖွဲ့အစည်းမေးခွန်းပုံစံ (၁၈)ခုဖြင့် တစ်အိမ်တက်ဆင်းကောက်ယူလျက်ရှိကြောင်း သိရသည်။

လင်းထင်ကျော်