ညောင်ဦး နိုဝင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကုတင် ၂၀၀ ပြည်သူ့ဆေးရုံကြီးသို့ ယနေ့ နံနက် ၁၀ နာရီအချိန်က အောက်စီဂျင်အိုး၊ သောက်ရေသန့်ကတ်များ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းခြင်းအား လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်ဇနီး ဒေါ်ဇာဇာဝင့်မိသားစုက လှူဒါန်းခြင်းဖြစ်ကြောင်း၊ နံနက်ပိုင်းတွင် ကျန်စစ်သားဥမင်စာသင်တိုက်ရှိ ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြပြီး၊ နေ့လယ်ပိုင်းတွင် ညောင်ဦးခရိုင် ကုတင် ၂၀၀ ပြည်သူ့ဆေးရုံကြီးသို့ အောက်စီဂျင်အိုးတစ်လုံးနှင့် ရေသန့်ကတ် ၄၀ တို့အား လဲချားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် ဒေါ်ဇာဇာဝင့်မိသားစုက ပေးအပ်လှူဒါန်းခဲ့ရာ၊ ညောင်ဦးခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မြင့်ထွန်း၊ ဒေါက်တာမျိုးဇော်အောင်နှင့် တာဝန်ရှိသူများက လက်ခံခဲ့ကြောင်း သိရသည်။
ဒီပါလင်း