မြစ်သား အောက်တိုဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ ပန်းလောင်မြစ်ရေဝင်ရောက်မှုကြောင့် ပျက်စီးသွားသည့် ကသဲကုန်း-ကျွန်းလှလမ်းကို အောက်တိုဘာလ ၆ ရက်နေ့ နံနက်ပိုင်းက မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြုပြင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကသဲကုန်း-ကျွန်းလှလမ်း ပြုပြင်ဆောင်ရွက်ပေးခဲ့သည့် လမ်းအရှည်ပေ ၂၀၀ ပေကို ဂျင်းကျောက်လမ်းအဖြစ် ခင်းပေးထားကြောင်း သိရသည်။ လမ်းပြုပြင်ဆောင်ရွက်ရာသို့ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနေဦးနှင့် တာဝန်ရှိသူများ၊ ကျောက်ဆည်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ-၁ နှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)