ကဝ အောက်တိုဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ရေဘေးသင့်ပြည်သူများအတွက် ဆန်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁၀) နာရီက အုန်းနှဲကျေးရွာနှင့် သက္ကလမြို့များတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါထောက်ပံ့ပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက ဦးဆောင်၍ ကဝမြို့နယ်အတွင်း ရေကြီးနစ်မြုပ်ခဲ့သော အုန်းနှဲကျေးရွာနှင့် သက္ကလမြို့အတွင်းရှိ အိမ်ထောင်စု (၃၇၈)စု၊ လူဦးရေ (၁၆၀၁)ဦးအတွက် တစ်ဦးလျှင် ဆန် (၂)ပြည်နှုန်းဖြင့် စုစုပေါင်း ဆန် (၃၂၀၂)ပြည် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရဲဇော်ဟိန်း(ပြန်/ဆက်)